ဇာတ်လမ်းကိုပြန်ဆက်ရရင်ဇာတ်လိုက်မဟာမြောက်ပိုင်းသူဖြစ်သည်။သို့ပေမယ့်ရွာလယ်မှာရှိတဲ့ဘုန်းကြီးကျောင်းကိုဆွမ်းသွားပို့ရာကတောင်ပိုင်းကဇာတ်လိုက်နဲ့တွေ့ပီချစ်ကြိုးသွယ်ခဲ့ကြသည်။အဲ့မှာပဲ မိဘတေရဲ့ဇာတ်လမ်းကိုသူတို့နဲ့ပြန်ဆက်ကြပြန်တယ်။ဇာတ်လိုက်မကမြောက်ပိုင်းသူဖြစ်တဲ့အပြင်မြောက်ပိုင်းရဲ့ပင်တိုင်အလှမယ်လေးဖြစ်တဲ့အတွက် အချစ်ခရီးကကြမ်းတမ်းပါတော့သည်။မြောက်ပိုင်းသူကြီးသားလေးရေကြည်ကလဲဇာတ်လိုက်မကိုကြိုက်နေတာကြောင့် ဇာတ်လိုက်နဲ့မညားဖို့အရေးသူကပါဖွင့်ပြောပီးလက်ထပ်ဖို့လုပ်ပေမယ့် ဇာတ်လိုက်မဆိုတဲ့အတိုင်းဇာတ်လိုက်နဲ့ပဲဖူးစာပါသွားပီး ဇာတ်လိုက်နောက်ခိုးရာလိုက်သွားတော့သည်။အဲ့ကနေစပီးရွာနှစ်ပိုင်းဟာပိုပီးကတောက်ကဆဖြစ်လာကြတော့သည်။

ထိုအချိန်မှာပဲအချိန်ကိုက်စွာဇာတ်လိုက်ဟာရွာပြင်မှာလုပ်ကြံခံလိုက်ရပီးအသက်သေဆုံးသွားရသည်။ဇာတ်လိုက်အသတ်ခံရတာကို ရေကြည်ရဲ့လက်ချက်ပဲထင်ပီးရေကြည်ကိုမြို့ကရဲဖြင့်ဖမ်းစီးစေခဲ့သည်။သူကြီးနှစ်ယောက်ရဲ့အချစ်ရဆုံးသားနှစ်ယောက်မှာတစ်ယောက်ကသေပီးတစ်ယောက်ကထောင်ကျသွားတာကြောင့်ရွာနှစ်ရွာရဲ့အမုန်းမီးကပိုကြီးထွားလာပီး တစ်ဖက်ကရွာသူရွာသားကိုချစ်ကြိုက်မိရင်ရွာထဲကနှင်တဲ့အထိအပြစ်ဒဏ်ပေးတာမျိုးတေပါလုပ်လာကြတော့သည်။

(ငါကဘယ်သူလဲ)

(hostကဇာတ်လိုက်ပါ mission ကအသက်မသေစေရန်နဲ့ ရွာနှစ်ပိုင်းကိုပြန်လည်သင့်မြတ်အောင်လုပ်ရန် ချစ်တဲ့သူနဲ့အတူနေသွားရန်ပါ)

(ဟုတ်ပီ အခုကဘယ်အချိန်ရှိပီလဲ)

(ဇာတ်လိုက်နဲ့ဇာတ်လိုက်မကဒီ​နေ့မှတွေ့မှာပါ)

(ဟုတ်ပီ)

.................................။💚

<Zawgyi>
(ပြန်လည်ကြိုဆိုပါတယ်host ရမှတ်တေအတွက်ဇယားကိုကြည့်ပါ)

% -68

တတ်မြောက်မှုပညာ --နည်းပညာ၊အချစ်ရေးရာ၊အုပ်ချုပ်မှုနည်းပညာ၊ဟော်မုန်းထိန်းချုပ်နည်း

Make A Wish(System)(Completed)Where stories live. Discover now