Part 11(Zawgyi)

Zacznij od początku
                                    

အဲ့ဒီခဏလေးအတွင်းမှာပဲ ရောင်နီလွင်ဦးတစ်ယောက် လုံခြုံရေးတွေကို စကားနဲ့တောင်းပန်ရ၊ ဆေးရုံရှေ့က ဝင်ဖို့စောင့်နေတဲ့ကားတွေကို ခါးညွှတ်ပြ၊ လက်ကာပြရင်း အပြုအမူနဲ့ တောင်းပန်ရ၊ ရောဘတ်ဆိုးကိုလည်း ဆွဲထူရနှင့် သူ့ရဲ့ ဂျူတီကုတ်အောက်မှာ ချွေးမရွှဲစဖူး ရွှဲရတော့သည်။
ရောင်နီ သူ့ဘဝမှာ လူရှေ့သူရှေ့ ယခုလိုမျိုး
တောင်းပန်ခယရင်း ပြဿနာရှာထားတဲ့ လူဆိုးကောင်ကိုပါ မရမက ဆွဲထူနေရတဲ့အဖြစ်မျိုးနဲ့ ကြုံရလိမ့်မယ်လို့ စိတ်ကူးထဲတောင် ထည့်မတွေးထားခဲ့မိ။

ဒါ့အပြင် ဒီဂျစ်တီးကောင်ကလည်း
ရောင်နီ့ဆွဲအထူကို စောင့်ပြီး သူ့ခန္ဓာကိုယ်ကို ပျော့ခွေထားခဲ့သေးတော့ လူတွေရဲ့ မျက်လုံး​ပေါင်း မြောက်မြားစွာရှေ့ကနေ ရောင်နီ့မှာ အတော်လေး ခက်ခက်ခဲခဲနဲ့ကို ရုန်းထွက်လာခဲ့ရတော့တာ....။

လူရှင်းတဲ့ ဆေးရုံဝန်းတစ်နေရာကို ရောက်မှပဲ ​ သူ့လက်ဖဝါးထဲ ကျစ်ကျစ်ဆုပ်ကိုင်ဆွဲလာတဲ့
သန်သန်မာမာ လက်ကောက်ဝတ်ကို အရှိန်နဲ့
လွှတ်ချပစ်ပြီး နောက်ကလိုက်လာတဲ့ ပြဿနာကောင်ကို လှည့်ကြည့်မိရတော့သည်။ သူလှည့်ကြည့်တော့ ရောဘတ်ဆိုးက အမြင်ကတ်စရာအပြုံးတစ်ခုနဲ့ စောင့်ကြိုနေပြီး ထိုအပြုံးကြောင့် ထိန်းမနိုင်၊သိမ်းမရ မြန်ဆန်လာခဲ့တဲ့ သူ့ရင်ခုန်သံကိုလည်း ရောင်နီ မကျေနပ်မိ။

ဘယ့်နှယ် ဒေါသတကြီး ဆူပူပစ်ရမယ့်အချိန်မှာမှ ဒီရင်ခုန်သံတွေကြောင့် ထွက်လာတဲ့စကားသံကပါ မာန်မပါတော့ဘူးမလား။

"မင်း ဘယ်လိုလုပ်လိုက်တာလဲ ဘတ်ဆိုး။
ဆေးရုံအထိ ဘာလို့ ပြဿနာလာရှာတာလဲ။
ပြုံးမနေနဲ့... ကိုယ် မင်းကို တကယ်စိတ်ပျက်သွားတာ သိလား"

"ကျုပ်ပြဿနာရှာတာမဟုတ်ဘူး။ ကျုပ်က
ခင်ဗျားနဲ့ တွေ့ချင်တယ်လို့ ပြောရုံလေးပဲ။ အဲ့ဒါကို 
သူတို့က ကျုပ်ကို ခွေးမောင်းသလိုမောင်းလွှတ်တယ်လေ။ ခင်ဗျားပြောကြည့်ဦး ကျုပ်က ဒေါသမထွက်ဘဲနေရမှာလား"

ပြောရင်းဆိုရင်း လက်သီးလက်မောင်းတန်းပြီး တောက်တခတ်ခတ်ဖြစ်လာတဲ့အတွက် ရောင်နီလွင်ဦးကပဲ စိတ်လျှော့ဖို့ တောင်းဆိုရတော့သည်။ ရောဘတ်ဆိုး ပြောပုံအရဆို ထိုကောင်လေးနေရာမှာ သူဖြစ်ခဲ့ရင်လည်း ကိုယ့်ကို ခွေးသာသာ ဆက်ဆံတဲ့လူတွေကို ဒေါသထွက်မိမှာပဲလေ။ သူ ဖြည့်တွေးပေးနေမိသည်ဟု သူ့ကိုယ်သူ သတိထားမိမိချင်းမှာပဲ ရောင်နီ့စကားသံတို့မှာ တုန်ရီသံတချို့ ရောစွက်လာခဲ့ပြီး "ခင်ဗျားနဲ့ တွေ့ချင်တယ်"ဆိုတဲ့စကားကလည်း သူဖြစ်ခဲ့သမျှ ဒေါသတွေအားလုံးကို ကျေနပ်ပျော်ရွှင်စိတ်အဖြစ် ပြောင်းလဲပစ်လိုက်သည်။

အကယ်၍ ချစ်မိတဲ့အခါ...(U/Z)Opowieści tętniące życiem. Odkryj je teraz