နွေရာသီ၏ ညနေခင်းတစ်ခု၌ Brightသို့ ပြေးလွှားနေသော စက်ဘီးကလေးသည် ရုတ်တရက် ရပ်တန့်သွားသည် ။
ရိုဆန်သည် မျက်လုံးကလေးများ ဝိုင်းစက်သွားသည်အထိ သူ့ဒေါက်တာလေး ပြောစကားကို အံ့ဩသွားရသည် ။ ဒီစကားကို ထုတ်ပြောလာလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ခဲ့ပေ ။
"ကင်မ်"
"ကျွန်မ ဒီစကားကို ထုတ်ပြောလာမယ့်အချိန်အထိများ စောင့်နေလေသလား"
ထိုစကားကို ရိုဆန် အတော်သဘောကျသွားသည် ။
"မဟုတ်တာ ကင်မ်ရယ်"
"ရှင်ကလေ တကယ် အူကြောင်ကြောင်နဲ့ ။ ကျွန်မနဲ့ စတွေ့တုန်းကတည်းက ကြောင်တောင်တောင်လူရယ်"
"ကိုယ်က မကြောင်ပါဘူး"
"လျှောက်ပြောမနေနဲ့ ၊ လိမ်လည်း လိမ်တတ်တဲ့လူ"
"တကယ်ပါဆို ၊ ကိုယ် အဲ့ဒီတုန်းက ကင်မ့်ကို မြင်မြင်ချင်း"
"ဆက်ပြောလေ"
ဒေါက်တာသည် ရယ်သံကလေးများ ရောယှက်နေသော တက်ကြွသည့် အသံကလေးဖြင့် သူ့စကားကို ထောက်သည် ။ နှစ်ယောက်စလုံးက မျက်နှာချင်း မဆိုင်သေးဘဲ စက်ဘီးပေါ်မှာ ထိုင်နေကြတုန်းပင် ။
"ကင်မ့်ကို မြင်မြင်ချင်း ကိုယ့်မှာ နွေရာသီကို မေ့သွားခဲ့တာ ၊ အသက်ရှူဖို့လည်း မေ့သွားခဲ့တာ ။ ကင်မ့်မျက်နှာ ကြည်ကြည်လေးက ကိုယ့်နှလုံးသားထဲကို ဝုန်းခနဲ ရောက်ချလာတာပဲ ၊ ကိုယ့်မှာ တားချိန်တောင် မရလိုက်ဘူးလေ"
"စကားလည်း တတ်တဲ့လူ"
သူ သဘောတကျဖြင့် ရယ်လိုက်မိသည် ။ သူ့ဒေါက်တာလေး၏ လက်သေးသေးဖြူဖြူလေးများအား ရိုဆန် အသာအယာ ဆုပ်ကိုင်လိုက်မိသည် ။
"ကင်မ်"
ဒေါက်တာသေးသေးကွေးကွေးလေးရဲ့ ခေါင်းလေးဟာ သူ့ကျောပြင်ပေါ်သို့ နောက်တစ်ကြိမ် မှီချလာပြန်သည် ။ ရိုဆန် ခပ်ဖွဖွပင် ပြုံးလိုက်မိသည် ။
"ကိုယ့်ဆီ ကင်မ့်ရဲ့ နွေရာသီကို အပိုင်ပေးနိုင်မလား"
သူ့လက်များကြားထဲမှ လက်ဖြူဖြူသေးသေးလေးက လက်မ ထောင်ပြသည် ။
![](https://img.wattpad.com/cover/328891340-288-k712538.jpg)