709 72 6
                                    

ရိုဆန်ပတ်က ဒူးက အနာကပ်ပလာစတာလေးကို ကြည့်ရင်း ခပ်ဖွဖွလေးပြုံးမိတယ် ။

ဘယ်လို ကလေးမလေးလဲ မသိပါဘူး ။

"ဒီမှာ ကျွန်မ ဆေးခန်းကို တစ်ချက်သွားကြည့်ဦးမယ် ၊ နေရမဲ့ အိမ်ကို လိုက်ပြပေးတာအတွက်တော့ အဟမ်း ကျေးဇူး"

ဒေါက်တာသေးသေးကွေးကွေးလေးက ကျေးဇူးတင်စကား ပြောတာတောင် မပြောချင်တဲ့ ပုံစံနဲ့ ။ ရိုဆန် အဲ့ဒီ အညိုသေးသေးကွေးကွေးလေးကို သေချာကြည့်ပြီး ပြုံးပြလိုက်တယ် ။

"မလိုပါဘူး ဒေါက်တာ ၊ Brightမှာ တာဝန်ကျမဲ့ ဆရာဝန်လေး လမ်းမှားမသွားတာပဲ ကျေးဇူးတင်ရမှာပဲ ၊ မဟုတ်ရင် Brightက နစ်နာသွားမှာလေ"

ရိုဆန့်ရဲ့ ပြုံးစစ စကားကို ဒေါက်တာသေးသေးကွေးကွေးလေးက မျက်မှောင်လေးကြုတ်ပြီး ပြန်ကြည့်တယ် ။ တကယ်ပါပဲ မျက်မှောင်ကြုတ်ထားတာတောင် နွေရာသီရဲ့ ပန်းတွေထက် ပိုနှစ်သက်စရာကောင်းနေတာ ။ ဒေါက်တာလေးက တစ်စိတ်တော့ လွန်ပြီ ။

"ကျွန်မ....အဲ့ဒီ အနာက ကျွန်မကြောင့်ဖြစ်သွားတာဆိုရင် တောင်းပန်ပါတယ်"

ခပ်တိုးတိုးလေး ထွက်ကျလာတဲ့ တောင်းပန်စကားသံလေးက ရိုဆန့်ကို ဒူးက အနာကိုရော ၊ တစ်လောကလုံးကိုရော မေ့သွားစေတယ်လေ ။

"အဟမ်း ကျွန်မ သွားလိုက်ဦးမယ်"

ချောင်းဟန့်သံ ကြားမှပဲ ရိုဆန်တစ်ယောက် နွေရာသီရဲ့ နှစ်လိုဖွယ်အညိုရောင်လေးမှာ ပျော်ဝင်နေရာက သတိပြန်ဝင်လာတယ် ။

"ကောင်းပါပြီ ဒေါက်တာ ၊ တာဝန်ကျေလိုက်ပါဦး"

ခေါင်းပေါ်က ကောက်ရိုးဦးထုပ် အဝိုင်းလေးကို ချွတ်ရင်း ရိုဆန် ဦးညွှတ်လိုက်တော့ အညိုသေးသေးကွေးကွေးလေးက ကော့တော့ကော့တော့နဲ့ ထွက်သွားပြီလေ ။

အင်း အလှပဆုံး စနေနေ့ မနက်ခင်းလေးပဲ ။

ရိုဆန်ပတ် နွေရာသီအစမှာပဲ စိတ်လှုပ်ရှားစရာတွေကို ရင်ဆိုင်နေရတယ် ။ သဘောကျချင်စရာပဲ အညိုသေးသေးကွေးကွေးလေးက ။

_________________________________________

မှန်ရှေ့မှာ မြင်နေရတဲ့ ရွှေအိုရောင်ဆံနွယ်စတွေကို ရိုဆန် ဘယ်ညာ ရမ်းခါလိုက်တယ် ။ ဒါတွေက မေမေ့ဆီက အမွေဖြစ်ပြီး မျက်ဝန်းပြာပြာတွေကတော့ ဖေဖေ့ဆီက အမွေရထားတဲ့ အရာတွေပဲ ။ ဖေဖေက ဩစတြေးလျ-ကိုရီးယား ကပြားဖြစ်ပြီး မေမေကတော့ New Zealandသူလေ ။ အဲ့ဒါကြောင့် အနောက်တိုင်းသွေးနဲ့ အာရှသွေးအနည်းငယ်ပါတဲ့ သူလို့ပြောရမဲ့ ရိုဆန်က မျက်နှာပေါက်ပဲ အာရှဘက် သွားတူတယ် ။ ကျန်တာတွေက အကုန်လုံးက နယူးဇီလန်သူဖြစ်တဲ့ မေမေ့ဘက်ကို အကုန်သွားတူနေတော့ အနောက်တိုင်းသူလို့ပဲ ပြောရတော့မှာပေါ့ ။

Define 'summer'Where stories live. Discover now