Ep 27 (Z) Quitting Alcohol

Start from the beginning
                                    

"အာကာကြည်ညွှန်း!!!"

"မမကေသာ"

"မင်း...လာခဲ့ဦး... အခုလာခဲ့"

အာကာ သက်ပြင်းချပြီး ထိုင်နေရာမှ ထလိုက်သည်... မမကေသာက video ကို တွေ့သွားခဲ့ပြီထင်သည်... အစ်ကိုကပါ မတ်တပ်ရပ်ပြီး ထလိုက်ဖို့လုပ်တော့ မမကေသာကတားသည်...

"ကိုကြီးငြိမ်း နေခဲ့"

"ဟင်"

"so sweet ပဲလာခဲ့"

မမကေသာက အာကာ့ကို အပေါ်ထပ်သို့ခေါ်သွားပြီး ဝရံတာဘက်ထွက်လိုက်သည်...

"အဲ့ဒါ မင်း ဘာအချိုးချိုးတာလဲ ဟမ် so sweet!"

အာကာ့မှာ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ခါတိုင်းလို ကက်ကက်လန် ပြန်မစွာနိုင်တော့ပေ... ဝရံတာ လက်ရမ်းကို မှီကာ ခေါင်းကိုငုံ့ထားပြီး...

"မူးနေလို့"

"မင်း အရက်သောက်လို့မရဘူး ဆိုတာ မင်းကိုယ်မင်း သိရဲ့သားနဲ့ ... ပြီးတော့ ကိုကြီးငြိမ်း တွေ့သွားတယ် မဟုတ်လား... ဘယ်လောက် မျက်နှာပူစရာကောင်းလဲ ... So sweet ရယ်"

"သိတယ်... အဲ့ဒါကြောင့်လဲ တောင်းပန်နေတာ အခုနောင်တတွေလဲရတယ် ဒေါသလဲထွက်တယ်... ဘာလုပ်လို့ လုပ်ရမှန်းလဲ မသိတော့ဘူး"

"ဖြစ်ပြီးပြီဆို အဲ့ဒီတိုင်းချည်းပဲ မင်း ဘယ်တော့မှ ရင့်ကျက်မှာလဲ"

".........."

"ဘယ်လောက်ပဲ ကိုကြီးငြိမ်းက ခွင့်လွှတ်တယ် ပြောပြော သူ့ရင်ထဲမှာတော့ ခံစားရမှာပဲ... မင်းတို့ အိမ်ထောင်သည် အချင်းချင်းကိစ္စတွေဆိုပေမဲ့ ဒါက ငါ့တို့ မိသားစုရဲ့ အကျင့်စရိုက်နဲ့ ဆိုင်သွားပြီ"

မမကေသာက တကယ်ပင်ဒေါသထွက်နေပြီး အသံတွေပါတုန်နေသည်... ဒေါသထွက်လဲ ထွက်သင့်ပါသည်... အာကာလုပ်ခဲ့မိသည့် အမှားက မရည်ရွယ်ဘူး ဆိုပေမဲ့ လူမှုရေးအကျင့်စာရိတ္တနှင့် ဆိုင်သွားခဲ့ပြီ... ထိုအခိုက်မှာ မမနန္ဒာက ရောက်လာပြီး အာကာတို့ကို လာခေါ်သည်...

"အဖေကြီးက အကုန် ဧည့်ခန်းကို လာခဲ့ကြတဲ့... လာ သွားမယ်"

ကြည်ညွှန်း Family မှာ ဒီလိုကိစ္စက ဘယ်လိုမှလက်ခံနိုင်စရာ မဟုတ်မှန်း အာကာသိပါသည်... ကိုယ့်အပြစ်ကို ဝန်ခံဖို့လည်း အဆင်သင့်ပြင်ထားပြီး မမနန္ဒာနောက်သို့ လိုက်သွားရတော့သည်... အာကာတို့ အောက်ဆင်းလာကြတော့ ဧည့်ခန်းမှာ လူစုံနေကြပြီ... အာကာက အစ်ကို့ဘေးမှာ ဝင်ထိုင်လိုက်သည်... အမေက မျက်နှာထားတင်းတင်းနှင့် အာကာ့ကို လိုက်ကြည့်နေသည်...

Match Made In Clouds Where stories live. Discover now