"အစ်ကို"
အစ်ကိုက ခြံထဲရှိခုံတွင် laptop တစ်လုံးနှင့် အလုပ်လုပ်နေသည်...
"ဟင်"
ကြည်စင်နေသည့် အစ်ကို့မျက်နှာလေးကို မြင်လေ အာကာ ကိုယ့်ကိုကိုယ် ဒေါသထွက်ရလေဖြစ်သည်... အစ်ကို ဘယ်လိုစိတ်မျိုးနဲ့များ နားလည်ခွင့်လွှတ်ပေးခဲ့ပါသလဲ...
အာကာ မျက်နှာပျက်စွာနှင့် အစ်ကို့ဘေးမှာ ဝင်ထိုင်လိုက်သည်... အစ်ကိုက အာကာ့မျက်နှာကိုကြည့်ပြီး လန့်သွားဟန်လေးနှင့် မေးလာသည်...
"So sweet ဘာဖြစ်လို့လဲ"
"တောင်းပန်ပါတယ် အစ်ကိုရယ်"
"ဘာလို့လဲကွ"
"ဟိုနေ့က club ထဲမှာ"
အစ်ကိုက ဖျတ်ခနဲ မျက်နှာမကောင်းဖြစ်သွားသည်... ထို့နောက် ချက်ချင်းပြန်ပြင်လိုက်ပြီး...
"သြော် မင်း မှတ်မိသွားပြီလား"
"မှတ်မိတာ မဟုတ်ဘူး... ကျွန်တော်... ကျွန်တော် video file တစ်ခုတွေ့လိုက်တယ်... မြသက်ချယ် သူငယ်ချင်းက ရိုက်ထားတာထင်တယ်"
အာကာ ခုံပေါ်လက်ထောက်ပြီး ဆံပင်တွေကိုထိုးဖွရင်း ပြောပြလိုက်သည်...
"ဟင် video တောင် ရိုက်ထားသေးတယ်လား...ဘယ်မှာလဲ"
"IG မှာ တင်ထားတာ အခုဖျက်ခိုင်းထားတယ်"
"ကိုယ့်ကိုပြ"
အာကာသက်ပြင်းချပြီး မြသက်ချယ်ရဲ့ IG story ကိုပြလိုက်သည်... အစ်ကိုက ယူကြည့်ပြီး မျက်ခုံးလေးများကို စုကျုံ့ထားသည်...
"သူက မင်းကို နမ်းလိုက်တာပဲ... ကျစ်! အဲ့ဒီကောင်မလေးက ဘယ်လောက်ပဲ ခေတ်မီတယ် ပြောပြော ဒီလိုဟာတွေထိ တင်ရတယ်လို့"
"အစ်ကို ကျွန်တော့ကို ထိုးတာဖြစ်ဖြစ် ရိုက်တာဖြစ်ဖြစ် တစ်ခုခုလုပ်ပါ အစ်ကိုရယ်... မဟုတ်ရင် ကျွန်တော် နေလို့မရဘူး"
"ဘာမှ မလုပ်ချင်ပါဘူး မင်း ကိုယ့်အမှားကိုယ် သိရင် ပြီးတာပဲ နောက်ကို အဲ့လိုနေရာတွေ မသွားနဲ့ အဲ့လိုမျိုးတွေ မသောက်နဲ့ပေါ့"
"သွားမိတာလဲ တကယ်နောင်တရနေပါပြီ"
ထိုအခိုက်မှာပဲ အာကာတို့နောက်ဘက်ဆီမှ ခေါ်သံကြားလိုက်ရသည်...
DU LIEST GERADE
Match Made In Clouds
RomantikMyanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရာနေရာမရှိအောင် သဲသဲလှုပ်တဲ့ အဆိုးလေး အာကာကြည်ညွှန်း တို့အကြောင်း
Ep 27 (Z) Quitting Alcohol
Beginne am Anfang