"ဟင် မမကေသာ... ဇွတ်ကြီးနော်...သူများဟာကို"

"ဪ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတာပေါ့ဟ"

ထိုအခိုက် ရေခဲသေတ္တာထဲက ငါးခြောက်ပြားထုတ်ကို ဖောက်ကြည့်နေသော မကြီးအိဖြူထံမှ အလန့်တကြား အသံထွက်လာသည်...

"ဟောတော့!!! ကြီးကြီးရေ!!!"

"ဟဲ့ ဘာတုန်း... အလန့်တကြား"

မကြီးအိဖြူက အထုတ်ကြီး ကိုင်ပြီး အိမ်ရှေ့ခန်းသို့ ပြေးလာသည်...

"ငါးခြောက်ပြား မဟုတ်ဘူးတော့"

အာကာတို့အားလုံး စိတ်ဝင်တစားနှင့် မကြီးအိဖြူဆီသို့ အကြည့်တွေရောက်ကုန်ကြသည်...

"ဟဲ့ ငါးခြောက်ပြား မဟုတ်လို့ ဘာကြီးတုန်း"

"သားရေဖိနပ်ကြီး!"

"ဟမ်!" "ဘာ!"

"အား!!!! အမေ့!!!"

"သားရေဖိနပ်ကြီးကို ဘာလို့ ရေခဲသေတ္တာထဲ ထည့်ထားရတာလဲလို့!!"

"ဟဲ့ ငါလည်းမသိဘူးလေ... နမ်းကြည့်တော့ အနံ့နည်းနည်းထွက်နေတာနဲ့ ငါးခြောက်ပြားထင်လို့ပေါ့... အံ့ဩပါ့ဟယ် ဘယ့်နှယ် သားရေ ဖိနပ်ကြီးတုန်း"

"စိတ်ညစ်တာဗျာ... ဂျာကြီးကလည်း ချက်စားလိုက်တဲ့.... မမကေသာ... ချက်စားမလို့ဆို... ခရမ်းချဉ်သီးလေးနဲ့ဆို"

"အား!!! so sweet နော်... ပါးစပ်ပိတ်ထား!!"

"အဟားဟား"

အာကာတို့တစ်အိမ်လုံးမှာ ထိုအကြောင်းကို ပြန်ပြန်ပြောကြပြီး ရယ်ရခက် ငိုရခက်နှင့် အာကာကတော့ ကြုံတိုင်း မမကေသာကို သားရေဖိနပ်နှင့် ခရမ်းချဉ်သီး ချက်ကျွေးနေတော့သည်...

...........................................................................

သောကြာနေ့ညနေဖြစ်တာကြောင့် ဝဇီနဲ့ ရာဇာက အာကာ့ရုံးခန်းသို့ အလည်ရောက်လာကြပြီး ညဘက် club တက်ရန်ခေါ်ကြသည်...

"တော်ပြီကွာ...မလိုက်တော့ဘူး... အစ်ကိုက အဲ့လိုနေရာမျိုးတွေ မကြိုက်ဘူးကွ"

"မင်းကလည်း... ကိုငြိမ်းကို ထားခဲ့ပေါ့ကွ... အမြဲတမ်းပူးနေစရာမှ မလိုတာ တစ်ခါတလေ သီးသန့် ပျော်ပေးရတယ်ကွ"

Match Made In Clouds حيث تعيش القصص. اكتشف الآن