"သားလေးရေ... အမေက ခုနလေးမှ တွေ့လို့ဟယ်... မင်း လေးမောင် လူကြုံပေးရမဲ့အထဲက တစ်ထုပ်ကျန်ခဲ့ပြီ"

"ဗျာ"

"ဘာကြီး ကျန်ခဲ့တာလဲ အမေ...အရေးကြီးတဲ့ဟာဆို  အေးဂျင့်နဲ့ ပို့ပေးလိုက်ရအောင်"

အစ်ကိုက မေးတော့ အမေက ခေါင်းခါရင်း ပြောသည်...

"အမေလည်း မသိပါဘူး သားငြိမ်းရယ်... ကျွတ်ကျွတ်အိတ်အမဲ နဲ့ပတ်ထားတာဆိုတော့.. ငါးခြောက်ပြားတွေထင်တယ်"

"သားတို့ရုံးက ဂျာကြီးမမ ပေးလိုက်တာမဟုတ်လား... သား ဖုန်းဆက်မေးလိုက်မယ်"

"အေးအေး...မေးလိုက်ဦး... အရေးကြီးတာဆို အားနာစရာကောင်းတယ်... မီးလေးကို သေချာပြောထားရဲ့သားနဲ့ အဲ့ဒီကောင်မလေးဟာလေ"

"ဟုတ်ဘူး... လေးမောင်က သူ့ရုံးက စာရွက်တွေ စစ်ခိုင်းနေတာနဲ့ ဟေမာ မေ့သွားတာလို့"

အာကာက ရုံးမှ မန်နေဂျာအစ်မကြီးဆီ ဖုန်းခေါ်ရသည်...

"ဟယ်လို... မအိခိုင်... လေးမောင်ကို လူကြုံပေးလိုက်တဲ့အထဲကလေ တစ်ထုပ်ကျန်ခဲ့လို့... အဲ့ဒါအရေးကြီးပစ္စည်းတွေဖြစ်နေရင် ကျွန်တော်တို့ အေးဂျင့်နဲ့ ပို့ပေးလိုက်မလို့"

"ဗျာ... မသိဘူးဗျ ကျွတ်ကျွတ်အိတ်အမဲကြီး ပတ်ထားတော့ မမြင်ရဘူး... ငါးခြောက်ပြားထင်တယ်"

"ဪ... ဟုတ်ကဲ့ ဟုတ်ကဲ့"

အာကာက ဂျာကြီးနဲ့ ဖုန်းပြောပြီး အမေ့ကို လှမ်းအော်ပြောရသည်...

"အမေ့!! မအိခိုင်က သူလည်း မသိဘူးတဲ့ သူ့အစ်မအိမ်က ပေးလိုက်တာမို့ ဖောက်ကြည့်လိုက်တဲ့ ငါးခြောက်ပြားတွေဆိုရင် သားတို့ပဲ ချက်စားလိုက်တော့တဲ့... တစ်ခြားဟာဆိုရင် သူ့ဆီပဲ ပြန်ယူလာပေးပါတဲ့"

ထိုအခိုက် မမကေသာက အိမ်ပေါ်ထပ်မှ ဆင်းလာပြီး အာကာတို့ကို မေးသည်... အာကာက အကျိုးအကြောင်းပြန်ပြောပြရသည်...

"အာ... ငါးခြောက်ပြားတော့ အေးဂျင့်နဲ့ ပို့မနေပါနဲ့ ချက်စားလိုက်တော့... နောက်တစ်ခေါက်ကြုံမှ ဝယ်သွားပေးလိုက်ပေါ့... မကြီးအိဖြူရေ့ ဖောက်ကြည့် လိုက်ပါ ကေသာတို့ ခရမ်းချဉ်သီးလေးနဲ့ ချက်စားကြမယ်"

Match Made In Clouds Where stories live. Discover now