ရှယ့်ယန်(Arc -3.7)

Start from the beginning
                                    

"တောက်စ်!!!"

အချိန်ကိုက်ထွက်ပေါ်လာတဲ့ တောက်ခေါက်ခံပြင်းပြင်းကြောင့်အသိပြန်ဝင်ပီးယီဇီအားတွန်းဖယ်လိုက်တော့ တံခါးဝမှာရပ်နေတဲ့ရှောင်းချီကိုတွေ့လိုက်ရသည်။ရှောင်းချီကသူ့ကိုဒေါသမျက်ဝန်းတေနဲ့ကြည့်ကာလှည့်ထွက်သွားတာကြောင့် သူ့မှာအမြန်ပြေးလိုက်ရတော့သည်။

"ချီကောကော!နေပါအုံး ကိုယ်ရှင်းပြပါရစေ!"

ခပ်သွက်သွက်ပြေးကာလိုက်သွားတော့လှေကားထိပ်တွင်ရှောင်းချီကိုမှီသွားပီးလက်ကနေဆွဲကာရင်ခွင်ထဲဆွဲသွင်းလိုက်တော့ အတင်းရုန်းကန်လာသည်။

"လွှတ်စမ်း!!ခွေးကောင်!"

"ချီကောကော ကိုယ်ရှင်းပြတာနားထောင်ပေးပါကွာ!"

"မကြားချင်ဘူး!!!"

[မကြားချင်ဘူး မကြားချင်ဘူး မော့,လေသံဖြင့်😃]

ရှယ့်ယန်ကရှောင်းချီရဲ့မျက်နှာကိုလက်နှစ်ဖက်နဲ့အုပ်ကိုင်ကာသူ့ကိုကြည့်စေတော့ အကြည့်ကိုလွွှဲထားပီးအတင်းရုန်းနေပြန်တော့တယ်။

"မောင့်ကိုကြည့် အချစ်!"

"မကြည့်ဘူး!လွှတ်စမ်း!!"

"အချစ်!!!မောင့်ကိုကြည့်စမ်း!!!"

အော်သံပြင်းပြင်းနဲ့အတူရှောင်းချီရဲ့ကိုယ်လေးကိုဆွဲလှုပ်ပစ်လိုက်တော့ မျက်ရည်တေဝဲကာသူ့ကိုကြည့်လာတဲ့ချစ်ရသူလေး။

"မင်းဘာပဲတွေ့ခဲ့တွေ့ခဲ့ အဲ့တာကိုယ့်စိတ်သဘောနဲ့လုပ်ခဲ့တာမဟုဘူး!ကိုယ်ချစ်တာမင်းကို မင်းတစ်ယောက်ထဲကိုပဲ ကိုယ့်ကိုမယုံရင်တောင် ကိုယ့်အချစ်ကိုတော့ယုံပေးပါကွာ"

"မင်းကိုနမ်းနေတာတောင်မတွန်းထုတ်ပဲ ညိမ်ခံနေပီးတော့မင်းဆန္ဒမပါဘူးလို့ပြောနေတာကိုယုံရအောင် ငါအရူးမဟုဘူး!!!"

"မောင်ဝန်ခံပါတယ်မရုန်းမိတာကို အဲ့တာမောင်ရုတ်တရက်မို့ကြောင်သွားလို့ပါကွာ"

"မင်းရဲ့ပုံပြင်တေကိုတခြားသူကိုသွားပြောလိုက်!!ကလိမ်ကကျစ်ကောင်!!ငါမင်းကိုမုန်းတယ်!!!"

ရှောင်းချီရဲ့ထိုစကားကြောင့်သူ့အာရုံထဲချက်ချင်းပေါ်လာတဲ့ဓူဝံပြောခဲ့တဲ့စကားတစ်ခွန်း....

Make A Wish(System)(Completed)Where stories live. Discover now