ရှယ့်ယန်(Arc -3.1)

Start from the beginning
                                    

"ပြောသားပဲသူတို့မရွေးပါဘူးလို့ မိထွေးကကိုယ်သေသေရှင်ရှင်ဂရုမစိုက်ဘူး"

"တောက်စ်!"

ရှောင်းချီဒေါသထွက်ကာရှယ့်ယန်ရဲ့အကျင်္ီလည်ပင်းကိုဆွဲလိုက်ပီး....

"ဒါမင်းလှည့်ကွက်တေမလား ဟမ်!"

"ဟေး ကိုယ့်ကိုအထင်မလွဲပါနဲ့ကွာ ကိုယ်ကမင်းတို့အမြင်မှာသူဌေးသားတစ်ယောက်ဖြစ်နေပေမယ့် တကယ်တမ်းမင်းတို့နဲ့မခြားပါဘူးကွာ ကိုယ့်မှာပိုက်ဆံပဲရှိတာ မိဘမေတ္တာကိုတစ်ခါမှမရခဲ့ဖူးဘူး အမေဆိုကိုယ့်ကိုမွေးပီးချင်ပဲဆုံးသွားတာ အဖေကလဲတစ်အိမ်ထဲနေပီးသူ့မျက်နှာကိုတောင်ဆယ်ခါမှတစ်ခါပဲမြင်ရတာ မိထွေးကြပြန်တော့လဲ ကိုယ့်ကိုဘယ်လိုနည်းနဲ့ရှင်းထုတ်ရမလဲပဲအမြဲကြံနေတာ ကိုယ့်ဘဝကမင်းတို့ထင်နေသလိုမပြည့်စုံဘူး"

ထိုစကားများကြောင့်ရှယ့်ယန်အကျင်္ီကိုဆုပ်ကိုင်ထားတဲ့လက်များကပြေလျော့သွားတော့သည်။

"ခေါင်းဆောင် ကိစ္စမရှိပါဘူး ကျနော်တို့မှာမိသားစုတေရှိနေပီးသားပဲလေ ပိုက်ဆံတေမလိုတော့ပါဘူးဗျာ"

"ဟုတ်ပါတယ်ခေါင်းဆောင် စိတ်မညစ်ပါနဲ့"

အဖွဲ့သားတေအားလုံးကစိတ်ညစ်စရာအခြေနေကြောင့်ရှောင်းချီကိုနှစ်သိမ့်နေကြသည်။

"မင်းကအသုံးမဝင်တော့မှတော့ ငါတို့ဆီမှာဆင်မထားတော့ဘူး"

"ဟင်"

"ဒါပေမယ့်မင်းကိုပြန်လွှတ်လို့လဲမဖြစ်ဘူး ငါတို့အကြောင်းတေမင်းသိပီးနေပီ အဲ့တော့မင်းကိုရှင်းပစ်မှဖြစ်မယ်"

"ဟိုးး နေပါအုံး ချီကောကောရယ် စိတ်လိုက်မာန်ပါမလုပ်လိုက်ပါနဲ့အုံး ကိုယ်ဒီကထွက်သွားမယ်လို့မပြောမိပါဘူး"

"ဘာ?"

"ကိုယ်ဒီမှာပဲနေမှာ ချီကောကောတို့နဲ့"

"ဟမ်!!!"

အဖွဲ့သားများအားလုံးတစ်သံထဲထွက်လာတော့သည်။

"အဲ့အိမ်ကိုမပြန်ချင်တော့ဘူး ဒီမှာပဲနေတော့မယ်"

"မင်းကိုဘယ်သူကခေါ်ထားမယ်ပြောလို့လဲ ဘယ်နေရာမှာမှလဲသုံးစားလို့မရတဲ့ဟာကို ငါတို့ကတင်ကျွေးထားရမှာလား"

Make A Wish(System)(Completed)Where stories live. Discover now