(ဒီးဒီ ဘာတေဖြစ်နေတာလဲ)

(ဇာတ်ကြောင်းဖတ်လိုက်ရင်နားလည်သွားမှာပါhost)

(ဒါဆိုဇာတ်ကြောင်းပို့ပေး)

(ဟုတ်)

ဒီကမ္ဘာရဲ့ဇာတ်လိုက်ကကြီးကြီးတက်ချမ်းသာတဲ့သူဌေးတစ်ဦး...ရဲ့သားဖြစ်ပီး နာမည်ကရှယ့်ယန်။ဇာတ်လိုက်မကတော့ ဇာတ်လိုက်ကိုကယ်တင်ပေးခဲ့တဲ့သူဖြစ်ပီး နာမည်ကယီဇီ။

ဇာတ်လိုက်ကသူ့အဖေရဲ့ချမ်းသာကြွယ်ဝမှုကြောင့်လူတစ်စုရဲ့ပြန်ပေးဆွဲခြင်းကိုခံလိုက်ရတယ်။ဇာတ်လိုက်မကလဲကန်ပေးအဖွဲ့ထဲကအဖွဲ့သားတစ်ဦးပဲဖြစ်တယ်။ဒါပေမယ့် ဇာတ်လိုက်ကိုမြင်မြင်ခြင်းချစ်သွားကာ သနားသွားပီးကယ်ထုတ်ပေးခဲ့သည်။ဇာတ်လိုက်လွတ်သွားတော့ပြန်ပေးသမားနေကိုတရားဆွဲကာ ဇာတ်လိုက်မကိုလက်ထပ်ပီးအတူတကွနေထိုင်သွားကြသည်။

(ဇာတ်ကြောင်းကပုံမှန်ပါပဲ)

(ထပ်ရှိပါသေးတယ်host)

ဇာတ်လိုက်ပြန်ပေးဆွဲခံရတဲ့အချိန်ပြန်ပေးသမားတေကထုံးစံအတိုင်းအကြောင်းကြားပီးပိုက်ဆံတောင်းပေမယ့် ဇာတ်လိုက်ရဲ့ဖခင်ဘက်ကတစ်ပြားမှမပို့ပေးခဲ့ပါဘူး။တကယ်ဆိုဇာတ်လိုက်ပြန်ပေးဆွဲခံရတာ ဇာတ်လိုက်ဖခင်ကသိတောင်မသိလိုက်ရပါ။ဇာတ်လိုက်တွင်သူ့ထက်၆နှစ်သာကြီးတဲ့ရိရင်းလို့ခေါ်တဲ့မိထွေးတစ်ယောက်ရှိသည်။သူမကဇာတ်လိုက်ဖခင်ကိုပိုက်ဆံကြောင့်လက်ထပ်ခဲ့တာဖြစ်သည်။မိထွေးဆိုတဲ့အတိုင်းကောက်ကျစ်ပီး ဇာတ်လိုက်ပြန်ပေးဆွဲခံတာကိုပြန်မရွေးပဲဇာတ်လိုက်မခင်ကိုပါအသိမပေးခဲ့ပေ။အဖေပီသတဲ့ဇာတ်လိုက်ဖခင်ဟာသူ့သားပျောက်နေတာကိုသတိတောင်မထားမိခဲ့ပါ။

ဇာတ်လိုက်ကိုပြန်မရွေးတော့တဲ့အတွက်ဒီအတိုင်းလွတ်ပေးရင်လဲပြန်ပေးသမားတေကသူတို့အတွက်အန္တရာယ်ရှိတာမို့ ဇာတ်လိုက်ကိုရှင်းပစ်ဖို့လုပ်ချိန်ဇာတ်လိုက်မကကယ်ခဲ့တာဖြစ်သည်။

(mission ကမိထွေးရဲ့သရုပ်မှန်ကိုဖော်ထုတ်ရန်ပါ ဇာတ်ကြောင်းထဲမှာမပါတဲ့အကြောင်းရင်းတစ်ခုလဲရှိပါသေးတယ်host အဲ့တာကပြန်ပေးသမားတေနဲ့ပတ်သက်နေပါတယ် အဲ့တာကိုပါside mission အနေနဲ့ဖော်ထုတ်ရမှာပါ)

Make A Wish(System)(Completed)Where stories live. Discover now