အစ်ကိုက အာကာ့ကို မျက်မှောင်ကျုံ့၍ ကြည့်လာသည်... ဟိုနေ့က အာကာ့ကျောပိုးအိတ်ထဲက ကွန်ဒုံးဗူးတွေ အထပ်လိုက်ကြီးတွေ့သွားပြီးကတည်းက အာကာ့မှာ အစ်ကို့နားပင် သေချာမကပ်ရတော့ပေ... အိမ်က လူတွေလုပ်ပုံက မသိရင် အာကာကပဲ လူဆိုးကောင်ကြီးလိုပင်...
"အဟင်း... အဲ့လို မျက်ခုံးတွေကိုကျုံ့ပြီး လူကိုလာလာမကြည့်နဲ့နော်"
"ကြည့်တော့ ဘာဖြစ်လဲ"
"သိချင်လား အခု"
အာကာက အစ်ကို့ရဲ့ စားပွဲပေါ်မှာ ဝင်ထိုင်လိုက်ပြီး အစ်ကို့မျက်နှာလေးကို ဆွဲမော့ပစ်လိုက်သည်... ပါးနှစ်ဖက်ကို လက်နှင့်ညှပ်ပြီး ညှစ်လိုက်တော့ နှုတ်ခမ်းလေးက စူထွက်လာသည်...
"ပြွတ်!"
"အွန်း! ဖယ်ပေး"
"ကြည့်ဦးမလား နောက်တစ်ခါ... ဟော... ကြည့်နေပြန်ပြီ... ငြိမ်းအေးအိမ်ကလေးက လူကို မကြောက်ဘူးပဲ"
အာကာက နောက်တစ်ကြိမ် အစ်ကို့မျက်နှာကို ဆွဲယူရန်ပြင်လိုက်တော့ အစ်ကိုက ဖြတ်ခနဲ အာကာလက်ကို ဖမ်းဆွဲကာ ကိုက်ချပစ်လိုက်သည်...
"အား!!! တကယ်ကြီး ကိုက်တယ်"
"အဲ့ဒါ လာလုပ်ချင်ဦး"
"ကျစ်! သားပေါက်လေး နဲ့ ဘာတော်လဲ မသိဘူး"
"မင်း နော်"
အာကာ က အစ်ကို့စားပွဲမှ ထကာ ဆိုဖာခုံရှည်ပေါ်တွင်သွား၍ လှဲအိပ်နေလိုက်သည်... သွားရာ အကွင်းလိုက် ထင်နေသော လက်မအောက်နားကို ဓာတ်ပုံရိုက်ပြီး My day မှာ တင်ကာ အစ်ကို့ acc ကို mentioned လိုက်သေးသည်... ဓာတ်ပုံအောက်မှာ ရေးထားသည့်စာက...
[သတိ! မနမ်းရ... အချစ်က ကိုက်တတ်သည်]
ခဏကြာတော့ အစ်ကိုက သူ့အလုပ်တွေ လက်စသတ်ပြီး အာကာ့နား ရောက်လာသည်...
"so sweet ထလေ သွားရအောင်"
အာကာက မကြားချင်ယောင်ဆောင်ကာ မျက်လုံးတွေကိုမှိတ်ထားလိုက်သည်... အစ်ကိုက အာကာလှဲနေသောခုံတွင် ကပ်ထိုင်လာပြီး အာကာ့လက်တွေကို လာဆွဲသည်...
"နောက်ကျနေမယ်လေကွာ"
"............"
"လက်ပြဦး...နာနေသေးလား"
YOU ARE READING
Match Made In Clouds
RomanceMyanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရာနေရာမရှိအောင် သဲသဲလှုပ်တဲ့ အဆိုးလေး အာကာကြည်ညွှန်း တို့အကြောင်း
Ep 21 (Z)
Start from the beginning