ညနေရောက်တော့ အစ်ကို့ရုံးကို လိုက်ပို့ဖို့ မမကေသာကို အပူကပ်ရသည်... ကား တစ်ယောက်တစ်စီး မောင်းနေဖို့က အဆင်မပြေသဖြင့် အစ်ကို့ဆီရောက်မှ အာကာက အစ်ကို့ကားကို ယူမောင်းတော့မည်...

"မမကေသာ သားကို N Asia လိုက်ပို့ပေးပါဦး ပြီးရင် ကားပြန်ယူသွားလေ"

"Grab ခေါ်သွားပါလား"

"အာ...ကားရှိနေတဲ့ဟာကို ပြီးတော့ မမကေသာ တစ်ယောက်လုံး အားနေတာပဲ"

"အောင်မာ ငါ အားနေတယ်လို့ မင်းကို ဘယ်သူပြောလဲ"

"အဲ့ဒီမှာ ဖုန်းကြည့်ပြီး မျက်နှာကြီးပြုံးဖြီးနေကတည်း Youtube ကြည့်ပြီး အားနေမှန်းသိတယ်"

"ငါ့ဟာငါ ဘဲ နဲ့ chat နေတာလဲ ဖြစ်နိုင်တာပဲလေ"

"ဟွန်...မမကေသာ ဘဲက ဒီတစ်သက်ရဦးမှာမလို့လား"

"အောင်မာ ငါက မလိုချင်သေးလို့ မရွေးတာပါနော်... ဒီမှ ကေသာကြည်ညွှန်း တို့ကလေ မျက်စိတစ်ဖက် မှိတ်ပြလိုက်တာနဲ့ "

"တစ်ခြမ်း မှောင်သွားတာပေါ့"

"ကျစ်! သေလိုက်လေ"

"အဟားဟား... ကဲပါဗျာ လိုက်ပို့ပါဆို... ဟိုမှာ အစ်ကိုက စောင့်နေပြီ"

အာကာ မမကေသာကို အတင်းဆွဲခေါ်လာပြီး အစ်ကို့ဆီ လိုက်ပို့ခိုင်းရသည်... အစ်ကို့ ရုံးခန်းထဲဝင်လိုက်တော့ အာကာရဲ့ တိမ်စိုင်ခဲလေးက ထုံးစံအတိုင်း ဖြူလွှလွှလေးနဲ့ ပြေး၍ ထွေးပွေ့ချင်စရာအတိ... အာကာက အစ်ကို့ အလုပ်စားပွဲနားသွားပြီး ပါးတစ်ဖက်ကို ငုံ့နမ်းပစ်လိုက်သည်...

"ရွှတ်!"

"အာကွာ...ရုံးခန်းကြီးထဲမှာ လာလုပ်ပြန်ပြီ"

"အစ်ကိုကကွာ... အဲ့ဒါဆို ဘယ်နားမှာ လုပ်ရမှာတုန်း အိမ်မှာလဲ လုပ်လို့မရဘူး... အိမ်မှာဆိုပိုဆိုးသေး နဂါးဂဠုန် ကုမ္မာန်ယက္ခ တွေစောင့်ကြပ်နေသလိုပဲ အနားကပ်ဖို့တောင် မလွယ်ဘူး"

"မင်းအပြစ်နဲ့ မင်းလေ... မင်းကို ဘယ်သူက ကွန်ဒုံးတွေ ပါကင်လိုက်ကြီး ဝယ်ခိုင်းလို့လဲကွ"

"ကျစ်! အဲ့ဒါ နောက်ဆို ခဏခဏ ဝယ်နေရမှစိုးလို့ ကွာလတီကောင်းတာလေး ရတုန်း ကြိုဝယ်ထားတာကို"

Match Made In Clouds Where stories live. Discover now