သူဝင်ထားတဲ့ကိုယ်ကတော့ဇာတ်လိုက်ရဲ့အဖေမတူအမေကွဲအကိုဖြစ်သူဟခု(Haku)ဖြစ်သည်။ဟခုကဇာတ်လိုက်ဖခင်ယူထားတဲ့နောက်မိန်းမဆီမှပါလာတဲ့သားဖြစ်သည်။ဘင်္ဂလားညီကိုဆိုတဲ့အတိုင်းလုံးဝကိုမတည့်ပါဘူး။ဟခုဟာသားအရင်းမဟုတာကြောင့်ဇာတ်လိုက်လောက်ဖခင်ရဲ့အရေးပေးခြင်းကိုမခံရပါ။မိခင်ကလဲမကြာခင်မှာပဲဆုံးသွားပီးဖခင်ကပါအရေးမလုပ်တာကြောင့် သူ့ဒေါသရဲ့ပစ်မှတ်ကဇာတ်လိုက်ဖြစ်သွာတော့တယ်။ထို့ကြောင့်ဇာတ်လိုက်ကို ငါမင်းကိုသတ်ချင်တယ်ဆိုပီး အခွင့်ရတာနဲ့ရှင်းပစ်ဖို့ချောင်းနေတဲ့သူပါ။အဲ့အချိန်မှာပဲဇာတ်လိုက်နဲ့ဇာတ်လိုက်မအကြောင်းကိုသိသွားကာ ဇာတ်လိုက်မရဲ့မိဘတေအကြောင်းပါထပ်သိလိုက်ရတာကြောင့်အခွင့်ရေးကိုအမိရဆုပ်ကိုင်ကာ ရပ်ကွက်ထဲကcctvအဒေါ်ကြီးများလို ဇာတ်လိုက်မရဲ့ဖခင်ကိုသွားချွန်တော့သည်။ချစ်သူနဲ့ဝေးကွာလို့စိတ်ညစ်နေတဲ့ဇာတ်လိုက်ကို ဟခုကမြှောက်ပေးပီးဇာတ်လိုက်မအိမ်ကိုသွားစေခဲ့တာဖြစ်သည်။ပညာသားပါပါနဲ့သူ့လက်မညစ်ပတ်စေရပဲဇာတ်လိုက်ကိုသတ်နိုင်ခဲ့ပီးတဲ့နောက် တစ်ဦးထဲသောသားအဖြစ်အမွေတေပိုက်ပီးပျော်ပျော်ကြီးနေသွားတော့သည်။

(ငါကဗီလိန်ပေါ့)

(ဉာဏ်ကောင်းတဲ့ဗီလိန်ပါ)

(အတူတူပဲလေကွာ)

(ဟီးး missionကအမှားများကိုပြင်ဆင်ရန်နဲ့ဇာတ်လိုက်ကိုကာကွယ်ရန်ပါ)

(ဟုတ်ပီ အခုကဘယ်အချိန်ရှိပီလဲ)

(စောပါသေးတယ် ဇာတ်လိုက်နှစ်ယောက်တောင်မတွေ့ကြသေးဘူး)

(ကောင်းပီ)

...........................

A/N

update အတွက်တောင်းပန်ပါတယ် ဖုန်းကစက်ဖွင့်မရတော့လို့ဆိုင်ပို့ထားရလို့ပါမနေ့ညကမှပြန်ရတာကိုယ့်မှာအသည်းသန်လာတင်ရတာ

ရှင့်တို့ကအားကြီးနဲ့ ကျယ်မကိုအုပ်စုလိုက်အနိုင်ကျင့်တယ် ဟွန့် နောက်arcရေးရင်းတောင်လက်တွန့်သွားတယ် ဂယ်ပဲ 😥

••••••••••••••••••••••••

<Zawgyi>
(ပြန်လည်ကြိုဆိုပါတယ်host)

Make A Wish(System)(Completed)Where stories live. Discover now