ဟေမာနဲ့ ကေသာ နှစ်ယောက်ပေါင်းပြီး so sweet နဲ့ ငြိမ်းရဲ့ ဖိနပ်တွေကိုဖွက်ထားကာ ချောက်ချသည်... ငြိမ်းတို့သောက်မဲ့ ကော်ဖီခွက်ထဲကို ဆားတွေထည့်သည်... ဒီခရီးစဉ်မှာ မိသားစုတွေနဲ့ ပိုရင်းနီးလာရသလို ငြိမ်းအတွက် အခွင့်အရေးထူး တစ်ခုလည်းရခဲ့သေးသည်... အဲ့ဒါကတော့ ငြိမ်းကို စနောက်ခံရရင် အဖေကြီးနဲ့ အမေ့ကိုရော လေးမောင်ကိုရော မကြီးကိုရော အချိန်မရွေးတိုင်လို့ရသည့် အထူးအခွင့်ရေးပင်...

ငြိမ်းတကယ် ပျော်ရပါသည်... ငြိမ်းကတစ်ဦးတည်းသောသားမို့ တိုင်တောစရာ မောင်နှမတွေမရှိသည့်အတွက် တစ်ခါမှ မတိုင်တောခဲ့ဖူးပေ... ကျောင်းမှာလဲ ကိုယ့်ဟာကိုယ်သီးသန့်နေတတ်သည့် အကျင့်ကြောင့် ဘယ်သူနဲ့မှ ပြဿနာမဖြစ်ဖူးခဲ့၍ ဆရာမတွေကို တိုင်တောရခြင်းမျိုးလည်း မရှိဖူးခဲ့...

အသစ်အဆန်းဖြစ်တာကြောင့် အခုမှ ငြိမ်း တိုင်ပြောရတာကို သဘောခွေ့နေရသည်...
ငြိမ်းက အော်တိုင်လိုက်လို့ လူကြီးတွေက ငြိမ်းဘက်က ရပ်တည်ပြီး လာဆူသွားရင် ပြုံးပြီးကျေနပ်နေတတ်ပြီ... so sweet က ငြိမ်းကို ဇွတ်ဂျီကျတာမျိုးလေးတွေ ရှိတဲ့အခါမှာလည်း "တိုင်ပြောလိုက်မှာနော်" ဆိုပြီး ငြိမ်းက ခြိမ်းခြောက်တတ်နေပြီ...

ဒီအိမ်ရောက်မှ ငြိမ်းက အတိုင်တောထူသည့်သူ ဖြစ်မှန်းမသိဖြစ်နေရပြီ...

"ဒေါက် ဒေါက် ဒေါက်"

"အစ်ကိုရေ့... နိုးပြီလား...ကျွန်တော်ဝင်ခဲ့မယ်နော်"

တံခါးခေါက်ပြီး မေးသံနှင့် အတူ so sweet က အခန်းထဲကိုဝင်လာသည်... ငြိမ်းက ခုတင်ပေါ်မှာ လှဲရင်း အတွေးနယ်ချဲ့နေရမှ ထထိုင်လိုက်သည်...

"အား....လွမ်းလိုက်တာဗျာ... လေးမောင်က မတရားဘူး"

so sweet က ခုတင်ပေါ် ဒိုင်ပင်ပစ်ကာ တက်လာပြီး ငြိမ်းရင်ခွင်ထဲကို သူ့ကိုယ်ကြီးဖြင့် အတင်းတိုးဝင်လာသဖြင့် ငြိမ်းက အလိုက်သင့် ဖက်ထားပေးလိုက်ရသည်...

ညက ပုဂံမှပြန်ရောက်ကြတော့ လေးမောင်က ငြိမ်းကို မနှောက်ယှက်ရဘူး ဆိုပြီး so sweet ကို အခန်းခွဲအိပ်ခိုင်းခဲ့ခြင်းဖြစ်သည်... ငြိမ်းတို့ တရားဝင်လက်ထပ်ပြီးမှ တူတူတစ်ခန်းထဲနေရမည်ဟု လူပျိုကြီးက ရာဇသံပေးထားသည်...

Match Made In Clouds जहाँ कहानियाँ रहती हैं। अभी खोजें