"အဲ့ဒါဆို..."

"ဂလုံ...ဂလွမ်"

"အဲ... so sweet ... ရေမရှိတော့ဘူး"

"ဗျာ... အိမ်သာရေ မရှိဘူးလား... နေဦးနော် အစ်ကို့... ကျွန်တော် သွားခပ်ပေးမယ်... အစ်ကို ဖုန်းမီးလေး ဖွင့်ထား"

so sweet က ယာခင်းစောင့် တဲလေးရှိရာသို့ သွားဖို့လုပ်သည်... ငြိမ်း အမှောင်ထဲမှာ တစ်ယောက်တည်း နေခဲ့ရမှာ ကျောချမ်းသဖြင့် so sweet ကို ဂျီကျမိသည်...

"so sweet, သီချင်း အော်ဆိုပြီးတော့သွား"

"အဟား... အစ်ကိုကတော့ဗျာ... အိုခေ အိုခေ အစ်ကိုကြားအောင် သီချင်းအော်ဆိုမယ်နော်...မြန်မြန်ပြန်လာခဲ့မယ်"

ငြိမ်းက ဖုန်းမီးကို ဖွင့်လိုက်ပြီး so sweet ရဲ့သီချင်းသံကို နားစွင့်နေလိုက်သည်...

"ချစ်သူ ပါသောညက အိမ်သာတွင်း လျှံပါတယ်...
ချစ်သူမပါသော ခုည အိမ်သာတွင်း ဘယ်ကိုရောက်နေသလဲကွယ်... အိမ်သာတွင်း ဘယ်ကိုရောက်နေသလဲ ကွယ်..."

"ဟင်"

ငြိမ်း ခွိခနဲ ရယ်လိုက်မိသည်... so sweet က  လမ်းထဲမှာ ထီသည်တွေ တွန်းလှည်းနဲ့ ဖွင့်နေကျ....
"ချစ်သူလာသောညက ငွေလသာပါတယ်...ချစ်သူမလာသော ခုည လမင်းဘယ်ကိုရောက်နေလဲကွယ်"
ဆိုသည့် တွံ့တေးသိန်းတန်ရဲ့ မေတ္တာမီးအိမ် သီချင်းကြီးကို ဖျက်ပြီးဆိုနေသည်... ငြိမ်း အိမ်သာတက်နေတာကို စောင်းပြီး ဆိုနေခြင်း ဖြစ်သဖြင့် ငြိမ်း အူယားနေရသည်...

"so sweet ကတော့ ကွာ"

so sweet က ပေါက်ကရစာသားတွေနဲ့ သီချင်း တကျော်ကျော် အော်ဆိုပြီး ရေပုံးတစ်ပုံးကို ဆွဲလာကာ အိမ်သာနားရောက်လာသည်...

"အစ်ကိုရေ့... ရေ ရပြီ"

"so sweet နှာခေါင်းပိတ်ထား... အပေါက်ဝမှာပဲ ချထားခဲ့"

"ကဲပါ ... အစ်ကိုရဲ့ ... ကျွန်တော် အထဲထိပဲ လာချပေးပါ့မယ်... အစ်ကိုက အီအီးတွေနဲ့ ဘယ်လို ထယူမလို့လဲ ... ကျွန့်တော်အိမ်ကလေးက ညစ်ပတ်အိုးလေးလားဗျာ... ရုတ်ရုတ် ရုတ်ရုတ် မလုပ်နဲ့နော် အီအီး ပါ ဝင်ဆေးပေးလိုက်မယ် ဘာမှတ်နေလဲ"

"အာ... so sweet! ရပြီလို့ ! ထားခဲ့ပြီး သွားတော့"

so sweet က အိမ်သာထဲအထိ ရေပုံးကို လာချပေးသွားပြီး ငြိမ်းကိုစနောက်နေသည်... ငြိမ်းက so sweet ယူလာပေးသော ရေနှင့် သန့်ရှင်းရေးလုပ်ရင်း တွေးလိုက်မိသည်...

Match Made In Clouds Where stories live. Discover now