"မင်း ဒီနားမှာ မနေနဲ့လေ... ဟိုနား သွားနေ"
"အဟား... သွားပါ အစ်ကိုရဲ့... ဘာမှ မဖြစ်ပါဘူး"
"အနားမှ လူရှိနေရင် ကိုယ် အိမ်သာမတက်တတ်ဘူး"
"ဟုတ်ပြီဗျာ... ဒါဆို ဟိုးနား သွားနေပေးမယ်"
"အင်း... so sweet အရမ်း အဝေးကြီးလဲ မသွားနဲ့"
"အင်း အင်း... ဒီနားမှာနေမယ်... အေးအေးဆေးဆေးလုပ်... ဟုတ်ပြီလား"
ငြိမ်း အိမ်သာထဲဝင်လိုက်တော့ အိမ်သာတံခါးက ဂုံနီအိတ်စုတ်ကို သံမှိုနှင့် လှမ်းချိတ်ရတာမျိုး ဖြစ်ပြီး... တစ်ဝက်ပဲရှိကာ ငုတ်တုတ်ထိုင်လိုက်ရင် ခေါင်းကို မြင်နေရသည်... နေက တစ်ဖြည်းဖြည်းဝင်စပြုနေပြီမို့ ပတ်ဝန်းကျင်က မှောင်လာပြီ...
ငြိမ်းရဲ့ အားနည်းချက်က ကိုယ်နဲ့ စိမ်းသက်တဲ့ နေရာ ပတ်ဝန်းကျင်မျိုးမှာဆို နည်းနည်းကြောက်တတ်သည်... အထူးသဖြင့် အခုလိုတောထဲတွေမှာ...
"so sweet!"
"ဗျာ... အစ်ကို့"
"စကားပြောရအောင်"
"အဲ့ဒီနားလာရမလား"
"မလာနဲ့...အဲ့ဒီနားက ပြော"
"အဟား... အိုခေ"
"ကိုယ့်ကို ဘယ်တုန်းက စသိတာလဲ"
"အစ်ကိုက အိမ်ရှေ့မှာ ကားနဲ့ ဖြတ်ဖြတ်သွား တိမ်ဖြူဖြူလေးလေ ချေမိုးနေတာပဲကို"
"အဟင်း... ဒါဆို ဘယ်တုန်းက ချစ်သွားတာလဲ"
"သင်္ကြန်တုန်းက စပြီး စိတ်ဝင်စားသွားတာ... ချစ်သွားမှန်း သေချာသိတာကတော့ အစ်ကို ကျွန်တော့်ကို ကားပေါ်က မောင်းထုတ်လိုက်တုန်းက"
"မင်း ဖျားသွားတာ အဲ့ဒါကြောင့်လား"
"အင်း... ကျွန်တော် အရမ်းဝမ်းနည်းသွားလို့... အစ်ကိုကရော ကျွန်တော့်ကို ဘယ်တုန်းကစသိတာလဲ"
"မင်း လမ်းထိပ်မှာ အာတာပူစီကြီးတွေ ကိုင်ပြီး စက်ဘီးနဲ့ ကို့ယို့ကားယား လုပ်နေတုန်းက"
"အဟားဟား... ဒါဆို ဘယ်တုန်းက စချစ်တာလဲ"
" Sapa မှာတုန်းကမှ"
YOU ARE READING
Match Made In Clouds
RomanceMyanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရာနေရာမရှိအောင် သဲသဲလှုပ်တဲ့ အဆိုးလေး အာကာကြည်ညွှန်း တို့အကြောင်း
Ep 19 (Z)
Start from the beginning