ခွန်နဒ္ဒ(Arc -1.1)

Start from the beginning
                                    

"တွေ့ရတာဝမ်းသာပါတယ် ဟက်!"

မထီမဲ့မြင်အသံနဲ့နှုတ်ဆက်သည်မမည်တဲ့နှုတ်ဆက်ခြင်းကြောင့်ခွန်နဒ္ဒမျက်မှောင်ကျုံ့လိုက်မိသည်။

"နာမည်ကမုန်းမန်နော်"

"အစစ်ပါဗျ"

"ဘာလို့ဒီကုမ္မဏီမှာအလုပ်လုပ်ချင်တာလဲ"

"လုပ်ချင်စိတ်ပေါ်လာလို့လေ"

"မင်းပညာအရည်ချင်းနဲ့ဆိုရင်ဒီထက်ကောင်းတဲ့နေရာမှာလစာကောင်းကောင်းနဲ့လုပ်လို့ရရဲ့သားနဲ့ ဘာလို့ဒီမှာလာလျှောက်တာလဲ"

"ဘယ်လိုပြောရမလဲ ကျုပ်ကပိုက်ဆံအတွက်ဆိုတာထပ် လူတစ်ယောက်အနားမှာရှိနေချင်လို့လေ ကျစ်!ခက်တာကသူ့မှာဆိုင်သူရှိနေတယ် အဲ့လူကိုကျုပ်ကပျောက်ကွယ်သွားစေချင်လို့"

စူးရှရှနဲ့ခနဲ့တဲ့တဲ့အကြည့်ကြောင့်ခွန်နဒ္ဒမျက်ခုံးပင့်လိုက်မိတော့သည်။မလွယ်ကျောလေးပဲ..။

"ဘယ်လိုလုပ်မလဲ ကိုယ်ကမင်းကိုအလုပ်ခန့်ပါမယ်လို့မပြောမိဘူးနော်"

"ခဗျားခန့်မှာပါ ကျုပ်ရဲ့အရည်ချင်းကိုခဗျားသဘောကျမယ်ဆိုတာကျုပ်သိပီးသား ဟုတ်တယ်မလား"

အောင်နိုင်သူအပြုံးကြီးပြုံးလာတဲ့မုန်းမာန်ကြောင့်ခွန်နဒ္ဒလျှော့ဖြစ်သွားသည်။အကြောင်းကထိုလူရဲ့ပါးမို့မို့ထက်ကပါးချိုင့်လေးနှစ်ခုကြောင့်ပင်။ထိုအပြုံး ပါးချိုင့်လေးနှစ်ခုကိုထင်းသွားစေနိုင်တဲ့ထိုအပြုံးပိုင်ရှင်လေးရဲ့ပုံရိပ်များကခွန်နဒ္ဒရဲ့မျက်ဝန်းထဲအစီစီရီရီထွက်ပေါ်လာသည်။ထိုခနတွင်ခွန်နဒ္ဒရေခဲရိုက်ထားသလို တောင့်တောင့်ကြီးဖြစ်နေရသည်။ဘာလို့ ဒီလူက ဓူဝံနဲ့တူနေရတာလဲ။ဒီလူ့ဆီမှာဓူဝံရဲ့အကျင့်လေးတစ်ချို့ကိုမထင်မှတ်တဲ့အချိန်တိုင်းမှာတွေ့ရတတ်သည် ဒီလူရဲ့အဓိပ္ပါယ်ပါတဲ့အပြုံးတိုင်းက တစ်စုံတစ်ယောက်ကိုပြေးမြင်မိသည် ထိုလူကသူမေ့မရတဲ့ ဓူဝံ....။

"ဟိတ်လူ!တောင့်တောင့်ကြီးသေနေတာလား"

"ဟမ်!ဟင်"

"ဟက်!ဘာလဲ ကျုပ်ထင်တာမမှားဘူးထင်တယ် ပြော ဘယ်တော့အလုပ်စဆင်းရမလဲ"

Make A Wish(System)(Completed)Where stories live. Discover now