so sweet က ငြိမ်းပေါင်ပေါ်မှထကာ မနေ့ညက ဝယ်လာကြသော ပုဂံအင်္ကျီနှင့် ဆင်ဘောင်းဘီများကိုထုတ်ယူလိုက်သည်...

"အစ်ကို့ လာ... ဒါတွေလဲဝတ်ရအောင်... ခဏနေ အပြင်သွားလည်ကြတော့မှာ... ရော့ အစ်ကိုက တိမ်ဖြူဖြူလေးဆိုတော့ အဖြူရောင်လေးဝတ်"

ငြိမ်းကို တိမ်ဖြူဖြူလေး...သူကိုယ်သူ အပြာရောင်ကောင်းကင်ကြီးဟု အမြဲပြောတတ်သည့်ကောင်လေးက သူကိုယ်တိုင်အတွက် အပြာရောင် အင်္ကျီလေးကို ထုတ်ယူလိုက်သည်...

ငြိမ်းက အင်္ကျီတွေကိုယူကာ ရေချိုးခန်းထဲသွားမယ် လုပ်တော့ ငြိမ်းလက်ကို ဆွဲထားပြီး...

"ဘယ်သွားမှာလဲ... ဒီမှာပဲ လဲပါအစ်ကိုရာ... လေးမောင် မရှိပါဘူးဗျ"

"အာ...မလဲပါဘူး... ရှိရှိမရှိရှိ"

မနက်အစောကြီး လေးမောင်နိုးလာတော့ ငြိမ်းရဲ့ တစ်ယောက်အိပ်ခုတင်မှာ ပူးကပ်ပြီးထပ်အိပ်နေကြသော ငြိမ်းတို့နှစ်ယောက်ကို မြင်သွားသည်... လေးမောင် အသံကြား၍ အိပ်ချင်မူးတူးနဲ့ ငြိမ်းက အလန့်တကြား ထထိုင်လိုက်ရသည်... မနေ့ညက ညဝတ်အင်္ကျီမပါလာသဖြင့် so sweet အင်္ကျီယူဝတ်ထားရပြီး ပွယောင်းယောင်းဖြစ်နေသော အင်္ကျီလည်ပင်းပေါက်မှ တဆင့် နီရဲနေသော အရာများကို မြင်သွားသောအခါ လေးမောင်က သူ့တူကို ဆူပူကြိမ်းမောင်းပြီး ထွက်သွားတော့သည်... ငြိမ်းမှာ စောစောစီးစီး မျက်နှာပူရသည့်အဖြစ်...

ငြိမ်း အတင်းမောင်းထုတ်တာတောင် ပေကပ်ပြီး ငြိမ်းရဲ့ ခုတင်ကျပ်ကျပ်ညပ်ညပ်မှာ မရမကအတင်းပူးကပ်အိပ်ကာ ငြိမ်းကိုဆိုးသွမ်းသွားသည့် ကောင်လေးကတော့ သူမဟုတ်သလိုပင် ခပ်တည်တည်နှင့် နေနိုင်လွန်းလှသည်...

အခုလည်း ငြိမ်းကို ဒီနေရာမှာပဲ အဝတ်လဲခိုင်းနေသည်... လဲတာက အကြောင်းမဟုတ်သော်လည်း မတော် လေးမောင်ဝင်လာမှဖြင့် ညက နမ်းရင်းနဲ့ ခွေးစိတ်ပေါက်သွားသော ကောင်လေးကြောင့် ငြိမ်းရင်ဘတ်မှာ အကွင်းလိုက်ဖြစ်ထားတာကို လုံးဝအမြင်ခံလို့ မဖြစ်ပေ...

"အကို့... နေဦးလို့ ရင်ဘတ်ခဏပြဦး... နာနေသေးလား"

"ကျစ်! မပြဘူးကွာ... ဖယ်ပေး... အင်္ကျီသွားလဲမလို့"

Match Made In Clouds Nơi câu chuyện tồn tại. Hãy khám phá bây giờ