............................................................................
"ဟယ်လို ကိုသီဟ"
"ကိုငြိမ်း ပြောတဲ့အတိုင်း အားလုံးစီစဉ်ပြီးပါပြီ"
"ဟုတ်ကဲ့...ကျေးဇူးပါပဲ ကိုသီဟ... ကျွန်တော် နောက်နှစ်ရက်လောက်နေရင် ပြန်လာခဲ့ပါမယ်... အဲ့ဒီတော့မှ ရှယ်ယာရှင်တွေကို အသိပေးတာပေါ့"
"ဟုတ်ကဲ့ ကိုငြိမ်း... အခုလဲ ရှယ်ယာရှင် အစည်းဝေးတွေ လကုန်အထိ ပိတ်ထားကြောင်း အကုန်လုံးကို အကြောင်းကြားပြီးပါပြီ... အန်ကယ်လ် ဦးထွန်းဝင်း ကတော့ တော်တော်လေး ဒေါသတွေ ထွက်နေတယ် ကိုငြိမ်း"
"အင်း... ကျွန်တော်ထင်ပါတယ်... အဓိကက အစည်းဝေးတွေ မလုပ်ဖြစ်ရင် ရပါပြီ"
"ဟုတ်ကဲ့... ကျန်တာ အကုန် ကိုငြိမ်းအစီစဉ်အတိုင်းပါပဲ"
"အိုကေဗျာ... ကျေးဇူးပဲ ကိုသီဟ"
ငြိမ်းဖုန်းချလိုက်ပြီး သက်ပြင်းချလိုက်မိသည်... ချယ်ရီ့အဖေ ဦးထွန်းဝင်းက ငြိမ်းကိုယ်စား အရေးပေါ် ရှယ်ယာရှင် အစည်းဝေးခေါ်ခိုင်းသည်တဲ့...
ဒီလိုတွေ ဖြစ်မယ်ဆိုတာ ကြိုသိနေလို့ ငြိမ်းက မနေ့ကတည်းက ကိုသီဟကို အကျိုးအကြောင်းပြောကာ ကြိုစီစဉ်ထားခဲ့ခြင်းဖြစ်သည်... လောလောဆယ်တော့ ဦးထွန်းဝင်း ရှယ်ယာရှင် အစည်းအဝေး မခေါ်နိုင်အောင် တားထားနိုင်လိမ့်မည်... ကျန်တာက ငြိမ်း ရန်ကုန်ပြန်ရောက်မှ အရှုပ်တွေ ရှင်းရဦးမည်...လောလောဆယ်တော့ ငြိမ်းရဲ့ပေါင်ပေါ်တွင် ခေါင်းအုံးပြီးလှဲအိပ်နေသော အရှုပ်ထုပ်လေးကို အရင်ရှင်းရဦးမည်...
"ကဲ... ကိုယ်တော်လေး"
"ဗျာ"
"ခင်ဗျားလေးလုပ်လို့ ကျွန်တော် ကုမ္ပဏီမှာ အရှုပ်တွေ ရှင်းရတော့မယ်ဗျ"
"အဟင်း.... အစ်ကိုကလည်း မပူပါနဲ့ ပြန်သွားမှ ကျွန်တော်လိုက်ရှင်းပေးမယ်"
"ဆိုးလိုက်တာကွာ"
ငြိမ်းက so sweet ရဲ့ ပါးကို ဖျစ်ပြီးပြောလိုက်သည်...
"ကျွန်တော် မဆိုးရင် အစ်ကိုနဲ့ ကျွန်တော် ဝေးသွားရမှာပေါ့"
"ကိုယ်က အဲ့လိုအဖြစ်ခံပါ့မလားကွ"
"မသိဘူးဗျာ နည်းနည်းလေးမှ အမှားမခံနိုင်ဘူး"
YOU ARE READING
Match Made In Clouds
RomanceMyanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရာနေရာမရှိအောင် သဲသဲလှုပ်တဲ့ အဆိုးလေး အာကာကြည်ညွှန်း တို့အကြောင်း
Ep 18 (Z)
Start from the beginning