"ကူညီတာက ကျွန်တော်တတ်နိုင်သလောက် ကူညီမှာပါ ဒေါ်ဒေါ်... ဒါပေမဲ့ အိမ်ထောင်ပြုဖို့အထိက မေမေလည်း ကျွန်တော့်ကို ဘာမှ သေသေချာချာပြောပြခဲ့တာမျိုးမရှိတာမို့..."

ငြိမ်းအပြောကြောင့် ဦးထွန်းဝင်းက မျက်နှာပျက်သွားသည်...

"ငြိမ်း... မင်းတို့ ကုမ္ပဏီက ရှယ်ရာရှင်တွေအကုန်လုံးက ဒီလိုပဲသိထားကြပြီးပြီကွ... မင်း မေမေကိုယ်တိုင် သတင်းလွှင့်ခဲ့တာပဲနေမှာ အချိန်တန်ရင် ဦးတို့ကုမ္ပဏီနဲ့ မင်းတို့ ကုမ္ပဏီက အကျိုးတူပူးပေါင်းမှာပဲဆိုတာ သိထားကြလို့ သူတို့က ဆက်ပြီး မြဲနေကြတာ မင်းဒါတွေနားလည်ဖို့လိုတယ်"

ငြိမ်းခေါင်းရမ်းလိုက်မိသည်... မေမေ သတင်းလွှင့်ခဲ့တာ ဘယ်လိုမှ မဖြစ်နိုင်ပါ... မေမေက ငြိမ်းကို ချယ်ရီနဲ့ဆို သဘောတူသည် ဟုသာပြောခဲ့သော်လည်း လက်ထပ်ဖို့ စီစဉ်ထားသည့်ကိစ္စတွေ ဘာတစ်ခုမှ ပြောခဲ့ခြင်း မရှိပေ... ကြီးမေလည်းဘာမှ သိထားပုံမရ... မေမေက ငြိမ်းကိုဘာမှ မတိုင်ပင်ဘဲ ကုမ္ပဏီသွားပြီး သတင်းလွှင့်မဲ့ ကိစ္စက ပိုလို့ပင် မဖြစ်နိုင်သေးပေ...

"ငြိမ်း ဘာတွေ တွေဝေနေတာလဲကွယ်... လူကြီးတွေက အားလုံးအဆင်ချောအောင် စီစဉ်ပြီးသားမို့ ငြိမ်းနဲ့ ချယ်ရီသာ လက်ခံလိုက်ရင် ပြီးနေပြီ... ချယ်ရီ နဲ့ ငြိမ်းလည်း တစ်ယောက်ကို တစ်ယောက် သံယောစဉ် ရှိကြတာ ဒေါ်ဒေါ်တို့လဲ သိတာပဲ"

"မဟုတ်သေးပါဘူး ဒေါ်ဒေါ်ရယ်... သံယောစဉ် ရှိကြတာက မောင်နှမလိုပါ... လက်ထပ်ဖို့ မဖြစ်နိုင်ဘူး"

"အဟင်းဟင်း... ငါ့သားကတော့ကွယ်... မင်း ဦးလေးနဲ့ ဒေါ်ဒေါ်ဆိုလည်း ဒီလိုပဲ...မောင်နှစ်မ သံယောစဉ် ကနေစကြတာ... အခုဆို မင်းဦးလေးက ဒေါ်ဒေါ့်ကို မျက်စိအောက်ကကို အပျောက်မခံဘူး... ငြိမ်းတို့လဲ ဒီလိုပဲ ဖြစ်လာမှာ မြင်ယောင်ပါသေးတယ်"

ငြိမ်းသက်ပြင်း ချလိုက်မိသည်... ကျေးဇူးရှင် လူကြီးတွေမို့  ငြိမ်းက အကြောက်အကန်တွေ ငြင်းနေရမှာ အားနာလို့ ဆက်မပြောဘဲနေလိုက်တော့သည်... ပြီးမှ ချယ်ရီနဲ့တွေ့ပြီး လက်မထပ်နိုင်ကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောလိုက်မည်... ငြိမ်း တွေးနေစဉ်မှာပဲ ကြီးမေက ဝင်ပြောလာသည်...

Match Made In Clouds Tempat cerita menjadi hidup. Temukan sekarang