တစ်ပတ်ခန့်ကြာပီးနောက်.........

ဒုစရိုက်သမားတစ်ယောက်ကိုဘာကြောင့်များသူလွမ်းဆွတ်နေတာပါလိမ့်။တာဝန်အပေးခံရလို့ချဉ်းကပ်ခဲ့ပေမယ့် တကယ်စိတ်ပါသွားသည်များလား။ပါးထက်ကချိုင့်ခွက်လေးကိုလွမ်းဆွတ်နေမိတယ်။ဓူဝံပြောခဲ့တဲ့အတိုင်းသူ့ရဲ့ပုခုံးမှာကြယ်တစ်လုံးတိုးသွားခဲ့ပေမယ့် ဘာကြောင့်ဂုဏ်မယူနိုင်ရတာလဲ။ဘာကသူ့စိတ်ကိုလွမ်းဆွတ်တမ်းတစေနေတာလဲ။

သူ့နာမည်ကတည်မြဲအာဏာ။FID(စိတ်ကူးယဉ်သက်သက်)ကအဖွဲမှူးတစ်ယောက်။ခေါင်းဆောင်ကောင်းတစ်ယာက်ဖြစ်သည့်တိုင် သူမဖြေရှင်းနိုင်တဲ့အမှုဆိုတာမရှိတာကြောင့် နယ်စပ်ကမူးယစ်ဆေးနဲ့ဒုစရိုက်လောကမှာနာမည်ကြီးနေတဲ့ဓူဝံကိုဖမ်းစီးဖို့တာဝန်ကျလာခဲ့တယ်။အစကတော့အနီးနားကနေသတင်းနှိုက်ဖို့လုပ်ခဲ့ပေမယ့် ဘယ်အရာတေကသူ့ဆီတွန်းပို့ခဲ့လဲမသိ သူကအဲ့လူဆိုးလေးနားရောက်သွားကာသူငယ်ချင်းဖြစ်ဖို့ကြိုးစားခဲ့သည်။နောက်တော့ချစ်သူတေပါဖြစ်ခဲ့တယ်။မလိုအပ်မှန်းသိပေမယ့် ချစ်သူတို့သဘာဝအတိုင်းပြုမူနေထိုင်ခဲ့တယ်။လူမိုက်လေးကလဲသူ့ကိုဆိုအနစ်နာခံပီးသူ့စကားကိုနားထောင်တယ်။ချစ်သူဘဝနဲ့လူမိုက်လေးရဲ့ဒုစရိုက်လောကကအကြောင်းတေအကုန်ဖော်ထုတ်လို့ရသွားတော့ ချက်ချင်းစခန်းကိုအကြောင်းကြားကာလာရောက်ဖမ်းစီးစေခဲ့တယ်ဘာရယ်ကြောင့်မှန်းမသိဓူဝံကိုနှစ်အကြာကြီးမကျအောင်တတ်နိုင်တဲ့ဘက်ကလုပ်ပေးခဲ့တယ်။ဘာရယ်ကြောင့်မှန်းမသိ နာကျင်နေတဲ့ဓူဝံရဲ့မျက်ဝန်းတေကသူ့ကိုစိတ်နှစ်ခွဖြစ်စေတယ်ဖ။ထိုအချိန်မထင်ထားခဲ့တာကဖြစ်သွားခဲ့တယ် သူ့စကားဆိုမဖယ်ရှားခဲ့ဖူးတဲ့ထိုကောင်လေးက သူမဟုတ်တဲ့အတိုင်းပြောင်းလဲသွားကာသူ့ဘဝကိုသူအဆုံးသတ်လိုက်တယ်။ပထမဆုံးအကြိမ်သူ့စကားကိုနားမထောင်ခဲ့သလို ပထမဆုံးအကြိမ်သူ့အားရွံ့မုန်းတဲ့အကြည့်နဲ့ကြည့်ခဲ့တာ။

သူ့ရဲ့တာဝန်ဟာပီးမြောက်ရဲ့သားနဲ့ ကြယ်တစ်ပွင့်ဟာထပ်တိုးရဲ့သားနဲ့ဘာကြောင့်သူမပျော်နိုင်တာပါလဲ။သူ့ကိုယ်သူအပြစ်ရှိသလိုခံစားရပေမယ့် ဘာကြောင့်ဆိုတာမသဲကွဲ။ဓူဝံရဲအချစ်ကိုလှည့်စားမိခဲ့လိုလား သူ့ကိုမကာကွယ်နိုင်ခဲ့မိလို့လား ဘာကြောင့်လဲ..

Make A Wish(System)(Completed)Where stories live. Discover now