နေသာ့မျက်နှာလေးပျက်သွားပြီး မကျေနပ်သလို နှုတ်ခမ်းလေးစူထော်ကာ သူ့ကိုစိတ်ပျက်သလိုကြည့်ပြီး သူနဲ့ဝေးသော တစ်ဖက်ကိုတိုးကပ်သွား၏။
ကြိတ်သက်ပြင်းချမိကာ သူမအနားမှာပဲပေကပ်ထိုင်ရင်း ဘာမှထမသွားဖြစ်တော့။

ဘေးတစောင်းမြင်နေရသည့် အနေအထားမှာ ဆံနွယ်လေးတွေစင်းကျနေသော သူမသည် မီးရောင်ကြောင့်ပိုပြီးဝင်းစက်နေကာ ဒီအလှအပတွေကို သူအပိုင်သိမ်းချင်ခဲ့တာကြာပြီဖြစ်သည်။
ဘာမှမဖြစ်သလို ဟန်လုပ်နေခဲ့သည့် ကိုယ့်ရင်ထဲကို ဘယ်သူမြင်မှာတဲ့လဲ...

💞💞💞💞💞💞

"အငြင်းခံရတယ်"

မ,နားမလည်သလိုထပ်မေးတော့ သူ မကြည်သလိုကြည့်ကာ ဒိန်ချဥ်ခွက်ထဲကို သကြားထည့်ပြီး မွှေနေလိုက်သည်။
မ,က မယုံနိုင်သောပုံစံဖြင့် နောက်တစ်ခါထပ်မေးဖို့ပြင်တော့ သူသည် မ,ပါးစပ်ထဲကို ဒိန်ချဥ်တစ်ဇွန်းလှမ်းခွံ့ကျွေးလိုက်သည်။

"ဘယ်လိုနေလဲ"

အလွန်အမင်းပြောချင်နေသော မ,က ဒိန်ချဥ်တွေကို အတင်းမြိုချပစ်ပြီး ခေါင်းလည်းညိတ်၊ လက်မလည်းထောင်ပြသည်။
သို့သော် ဒီအကြောင်းတွေ ဘယ်သူ့ကိုမှပြန်မပြောချင်တော့…

"မ နင်မမေးနဲ့တော့ နင့်ရဲ့နေသာက ငါ့ကိုငြင်းခဲ့တာ.. အဲ့ဒါကြောင့်မို့ ငါ့ဘာသာစိတ်ပျော်သလိုနေပြီး ရည်းစားတွေထားနေတာ သူကမှငါ့ကိုမကြိုက်တာ"

"နေသာက နင့်ကိုသဘောကျနေတာပါ ဘာလို့ငြင်းတယ်လို့ပြောနေတာလဲ"

"မသိဘူး ငြင်းခဲ့တာတော့အမှန်ပဲ"

"ဘယ်တုန်းကလဲ"

"ကြာပါပြီ ပန်းပွဲတော်တုန်းက"

သူတို့၃ယောက်သား Chill outခရီးထွက်တတ်တာကတော့ ခဏခဏဖြစ်သလို နှစ်ဖက်မိဘတွေကလည်း ခွင့်ပြုတာမို့ ဒီ၃ယောက်ဟာ မခွဲတတွဲအမြဲရှိနေကျ။
ပန်းပွဲတော်တုန်းကလည်း ညအိပ်ခရီးတိုလေးထွက်ခဲ့ကာ Tiny houseမှာရက်ပိုင်းငှားပြီး ပြင်ဦးလွင်တစ်ခွင်မှာ ကဲခဲ့ကြသေးသည်။

ထိုအချိန်က Hotelမှပြန်ခါနီးမို့ မ က Receptionမှာစောင့်မည်ဆိုကာ အထုတ်အပိုးတွေနှင့် အရင်ထွက်သွားတော့ သူနဲ့ နေသာ,သာ ကျန်နေခဲ့သည်။
သူမက မိတ်ကပ်လိမ်းနေတာမပြီးသေးတာမို့ သူစောင့်ပေးခဲ့ရင်း နှစ်ယောက်တည်းဆိုသည့်အတွေးဖြင့် ဖွင့်ပြောဖို့ကြိုးစားခဲ့သည်။

သူမ မှ တစ်ပါးOnde as histórias ganham vida. Descobre agora