"အာ... မော်မော်ရာ... မိုးခြိမ်းတာက ကြောက်ဖို့မကောင်းဘူး... နင်အော်တာက ပိုကြောက်ဖို့ ကောင်းတယ်ဟ"

"လန့်သွားတာကိုးလို့ မိုးကြိုးပစ်လိုက်ပြီထင်လို့"

"အသည်းကလည်း ငယ်လိုက်တာ... ကြောက်မနေနဲ့ မိုးကြိုးက နင့်ကို ပစ်ပြီးသားထင်လို့ ပစ်မှာမဟုတ်ဘူး"

"အမ်... ကိုကြီး so sweet နော်!! သမီး အဲ့လောက်လဲ အသားမမဲပါဘူးလို့!!"

"အေးပါ မမဲပါဘူး... မိုကြိုးပစ်ပြီးသား ထင်ရုံလောက်လေးပါဟ"

"ကိုကြီးကလည်း!!! တော်ပြီ အဖွားဆီပဲ သွားတော့မယ်"

မော်မော်က သူ့အဖေဘက်ကို တူသည်မို့ မောင်နှမဝမ်းကွဲတွေထဲမှာ အသားညိုသူဖြင့်သဖြင့် အမြဲအစခံရတတ်သည်...

"သွားပါဟာ... ငါ စိတ်မကြည်ရတဲ့ ကြားထဲ နင်က လာပွါးနေတာ"

"အမလေး စိတ်မကြည်တာတောင် သူများကို စဖြစ်အောင် စလိုက်သေးတယ်"

မော်မော် ထွက်သွားတော့ အာကာလည်း လှဲနေရာမှ ထထိုင်ပြီး ပြုတင်းပေါက်တွင် သွားရပ်ကာ အိမ်ပြင်ကို ငေးနေမိပြန်သည်... မမဟေမာ နဲ့ အမေက အိမ်အလယ်ခန်းထဲမှာ အင်္ကျီချုပ်နေကြသဖြင့် အာကာ့ကို စိတ်မဝင်စားအားကြ၍ တော်သေးသည်... မမဟေမာ ဒီဇိုင်နာသင်တန်းဆင်းပြီးကတည်း သားအမိနှစ်ယောက် စက်ဝယ်ပြီး အားအားရှိတိုင်း အင်္ကျီတွေပဲ ချုပ်နေကြတော့သည်...

အာကာ သက်ပြင်းရှည်ကြီး ချလိုက်သည်... တွေးနေတာထက် ပြေးလိုက်တာက ပိုမြန်လိမ့်မည်မဟုတ်လား... အာကာ အချိန်တွေအကြာကြီး မဆွဲချင်တော့ပေ...
ဒီညနေပဲ အဖေကြီးကို ဖွင့်ပြောပြလိုက်တော့မည်...

...........................................................................

ချယ်ရီက စားပွဲပေါ်မှ ကော်ဖီခွက်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်ထားပြီး စကားပြောရန် ချီတုံချီချဖြစ်နေသည်... ငြိမ်းကိုကြည့်လိုက် သက်ပြင်းချလိုက်နှင့် အတန်ကြာမှ စကားစလာသည်...

"ငြိမ်း"

"အင်း"

"ဟို... ငါလေ... ဘယ်ကစပြီး ပြောရမှန်းမသိဘူး... နင် ငါ့ကို ပြောပြချင်တာ တစ်ခုခုမရှိဘူးလားဟင်"

Match Made In Clouds Where stories live. Discover now