"စပ်စုပြန်ပြီ"
"ဘာမှမဟုတ်ပါဘူး so sweet ရယ်... ဟေမာက လက်မောင်းမှာ ကြာစူးလိုမျိုး အဖုသေးသေးလေးတွေ ပေါက်နေလို့ ပြောနေတာ ... ဘာဓာတ် လိုနေတာလဲ မသိဘူးလို့"
"ဪ... စိတ်ဓာတ်ပေါ့ ... တခြား ဘာရှိရဦးမှာလဲ"
"ဟဲ့... အဟားဟား"
"ဘာ!! so sweet နော် ... အမေ့!! ဒီမှာ so sweet က လာစနေတယ်"
"ငါ့သားလေးနော် မိုးမလင်းသေးဘူး တိုင်သံတောသံတွေကြားရပြီ... မင်း အစ်မတွေကို မစဘဲ နေတဲ့နေ့ ရှိရင် အမေက လိုချင်တာဝယ်ပေးဦးမယ်"
"တကယ်လား ... ပြီးရောနော် အမေ့... ကတိ"
"မင်းသာ နေနိုင်အောင် နေစမ်းပါ"
ထိုအခိုက်မှာ မမနန္ဒာက စူပုတ်ပြီး မီးဖိုဆောင်သို့ ဝင်လာသည်...
"အမေ့!! အိမ်မှာ အိမ်တွင်းသူခိုးရှိတယ်"
"ဟဲ့...ဘာပျောက်လို့တုန်း"
"အမေ့သားပဲ နေမှာ... နာနာ့ အခန်းထဲကို ရေမွှေးလာလာဆွတ်ပြီး အိတ်ထဲက ပိုက်ဆံတွေနှိုက်နှိုက်သွားတာ"
"အောင်မလေးဗျာ စွပ်စွပ်စွဲစွဲ... သား မပြောဘဲနဲ့ ဘယ်တုန်းက အဲ့လို လုပ်ဖူးလို့လဲ"
"အေးလေ မီးလတ်ကလဲ... so sweet က အဲ့လိုအကျင့် မရှိပါဘူး... ဈေးဝယ်လို့ ပိုတာ ပြန်မအမ်းတာလေး တစ်ခုပဲ"
"ပြောတာက ပြောတယ်... အမေ့သားက လူလည်ကျတာ... မမနာနာ သား အီကြာကွေးဝယ်ဖို့ ပိုက်ဆံအကြွေ ယူသွားမယ်နော် ဆိုပြီး နှိုက်သွားလိုက်ရင် ငါးထောင်တန် တစ်သောင်းတန်ချည်းပဲ"
"ဘာတန်မှန်း မသိပါဘူးဗျာ မျက်လုံးမှိတ်ပြီးနှိုက်တာ ပါလာတာယူရတာပေါ့...ကံပဲ"
"အမေ့!!! တွေ့လား လို့!!! အမေ့သားကို"
"ဒါတော့ ငါ့သားလေးပြောသလို ကံပေါ့အေ... ညည်းတို့ မလည်တဲ့သူ ခံပေါ့"
"အမေကလည်း!!!"
အမေက မမနန္ဒာကို ပြောပြီး ရေခဲသေတ္တာကို ဆွဲဖွင့်ကာ ဟင်းချက်စရာများ ထုတ်ယူနေသည်... အာကာက ပြောင်ပြနေသဖြင့် မမနန္ဒာက စူပုတ်နေတော့သည်...
"ဟဲ့ ရေဗူးတွေကို ဘယ်သူက အခဲခန်းထဲထည့်ထားတာလဲ... အကုန်ခဲကုန်ပြီ"
YOU ARE READING
Match Made In Clouds
RomanceMyanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရာနေရာမရှိအောင် သဲသဲလှုပ်တဲ့ အဆိုးလေး အာကာကြည်ညွှန်း တို့အကြောင်း
Ep 13 (Z)
Start from the beginning