"Sky သမီး ဟိုတစ်ရက်ကိစ္စအတွက် နောင်တရပြီလား"

"ရပါပြီ မေမေ ကိုင်းနောက်ခါအဲ့လိုမဆိုးတော့ပါဘူး ကိုင်းကတိပေးပါတယ်"

"ပြီးရော.. မနက်ဖြန်Blind dateတစ်ခုလုပ်ထားတယ် မောင့်ရဲ့မိတ်ဆွေမိသားစုက သားတစ်ယောက်ပဲ အဲ့ဒီကလေးကို မောင်ကတော့ သဘောကျတယ် အဲ့ဒါသမီးသွားတွေ့လိုက်"

"ဟာ!! မေမေကလည်း ကိုင်းMBAတက်ရဦးမယ်လေ အိမ်ထောင်မပြုချင်ပါဘူး"

"မရဘူး သမီးကို မေမေအလိုလိုက်ခဲ့တာများပြီ Seaနဲ့တန်းတူ အခွင့်အရေးပေးနေတယ်ဆိုတာလည်း Seaက သူ့အစ်မကိုစောင့်ရှောက်မယ်လို့ ယုံကြည်ထားလို့ပဲ တကယ်တမ်းကျ Seaလည်း မနိုင်ဘူးမလား"

"မဟုတ်ပါဘူး ကိုင်းက ကိုယ့်မောင်ကိုချစ်လို့အနိုင်ယူတာပါ Seaကထိန်းပေးရင် သမီးလည်း လိုက်နာပါ့မယ် Blind Dateတော့မသွားချင်ပါဘူး"

"ဟုတ်သားပဲ မေမေရယ် မ ကိုအပြစ်ပေးချင်ရင်လည်း တခြားနည်းနဲ့"

"ပြာနှစ်ပြာ"

မေမေ့အသံသည် စောစောကထက်ပိုပြီးတင်းမာသွားသည့်အခါ Seaက မျက်နှာပြောင်တိုက်စွာဖြင့် ဘက်ပြောင်းသွားခဲ့၏။

"ဟုတ်သားပဲ မေမေကကောင်းစေချင်လို့ စီစဥ်ပေးတာ သွားလိုက်ပါ မနက်ဖြန်ကျရင်ငါလိုက်ပို့မယ်"

ကိုင်းရဲ့အမာခံပရိသတ်ကြီး ဖေဖေအိမ်မှာမရှိချိန်တိုင်း ကိုင်း ဤသားအမိက ဤသို့အနိုင်ကျင့်ခံရစမြဲမို့ နှုတ်ခမ်းစူပစ်ပြီး ဆောင့်အောင့်ကာ အဝတ်ဗီရိုကိုဆွဲဖွင့်လိုက်သည်။
အလကားမောင်လေး...
တစ်ဗိုက်တည်း အတူတူနေလာရပြီး အားမကိုးရဘူး...
မေမေ့ဗိုက်ထဲမှာကတည်းက နင့်ကို နှစ်ချက်လောက်ဆောင့်ကန်ခဲ့ရမှာ...

💞💞💞💞💞💞

ကျော်စွာ့ကိုစုံစမ်းခိုင်းရုံဖြင့် သူမ ဘယ်မှာနေလဲအလွယ်တကူသိရသလို ထိုသို့သိရသည့်တိုင် သူ ဖုန်းမဆက်အားခဲ့။
နှစ်ချုပ်ချိန်မို့ အလုပ်တွေဆက်တိုက်လုပ်နေရင်း ညဘက်အိပ်ယာဝင်ချိန်သည် ၁၁နာရီ ဆိုတာအစောဆုံး။
ထိုအချိန်မျိုးဆို ကျော်စွာပါ အိမ်မှာလာအိပ်ပြီးကူလုပ်ရသည်အထိ။

သူမ မှ တစ်ပါးWhere stories live. Discover now