"အကဲပိုလိုက်တာ မ ရယ် အဲ့ဒါများ လာခေါ်ခိုင်းနေသေးတယ် ငါပြန်လှည့်ပေးရမလား"

"တော်ပါပြီ ဘဲကြီးကချောတယ်နော် ငါ့ထက်တော့အသက်ကြီးမယ့်ပုံပဲ အဲ့ဒီလိုတည်ငြိမ်ရင့်ကျက်တဲ့လူမျိုးကိုသာ ရည်းစားတော်ရရင် ကောင်းကင်ပြာတို့ သေပျော်ပါပြီ"

"သေလိုက် အဲ့နေရာမှာ လဲသေလိုက်"

Seaရဲ့မေတ္တာပို့သံကြောင့် ကိုင်းရယ်မိရင်း ထိုဦးလေးကြီးကိုမေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး ကိုင်းလည်း စာတွေနဲ့ပဲအလုပ်ပြန်ရှုပ်သွား၏။
UKမှာ MBAတက်ဖို့က ကိုင်းရဲ့အိမ်မက်ဖြစ်ပြီး ဖေဖေနဲ့မေမေကလည်း ကိုင်းကို supportပေးနိုင်၍ ကြိုးစားရမည်က ကိုင်းရဲ့တာဝန်ဖြစ်သည်။

"သမီးလိုတာအကုန်ပြော ဖြည့်ဆည်းပေးဖို့က ဖေဖေ့တာဝန်"

ဟု ဖေဖေပြောတိုင်း မေမေကပြုံးနေလျက်ရှိသည်။
တကယ်ဆို ကိုင်းကို ဖေဖေ့ထက် မေမေကပိုပြီး အလိုလိုက်တတ်သူဖြစ်ကာ မေမေက ကိုင်းတို့နှင့်ပတ်သက်လာလျှင် အစိုးအရိမ်ကြီးတတ်သူ…

"မ Barသွားရအောင် အပြင်မထွက်ရတာကြာပြီ"

"Okလေ သွားမယ် အမ်း.. ဘာဝတ်ရမလဲ"

ကိုင်းဗီရိုကိုဖွင့်ပြီး ခေါင်းကိုတမင်ကုတ်ပြတော့ Seaကနှုတ်ခမ်းကိုမဲ့ပစ်ကာ နောက်မှာဖွက်ယူလာသည့် အင်္ကျီဖြင့် ကိုင်းကိုပစ်ပေါက်လေသည်။
Seaက ခဏခဏအပြင်ထွက်တတ်ပြီး ပြန်လာသည့်အခါတိုင်းလည်း ကိုင်းဖို့အဝတ်အစား၊ မုန့်တစ်ခုခုပါလာတတ်မြဲ။

ကိုင်းကအကြီးဖြစ်နေပေမယ့်လည်း Seaကတော့ ညီမတစ်ယောက်လိုသဘောထားသလားမသိဘဲ ကိုင်းကိုပိုအလိုလိုက်ပေး၊ ပိုချစ်ပေးတတ်သည်။
ဒါကြောင့်လည်း မိသားစုထဲမှာ ကိုင်းကသာ တစ်ဦးတည်းသော ကလေး...

Barကိုရောက်တော့ ခါတိုင်းလို cocktailမှာသောက်ပြီး သီချင်းဆိုဖို့စင်ပေါ်ရောက်မှ အမှတ်တဲ့သူ့ကိုတွေ့လိုက်၍ ရင်ခုန်သွားမိသည်။
ချက်ချင်းလိုခြေဖျား၊ လက်ဖျားတွေအေးစက်လာတော့ သူ့ကိုမကြည့်ဘဲနေလိုက်ကာ နောက်ကbandကို သီချင်းပြောလိုက်သည်။

သူမ မှ တစ်ပါးWhere stories live. Discover now