Chapter 284: Is She Going Back?

3.5K 512 20
                                    

UNICODE

ချူယန်က တစ်ညလုံး ပြန်မလာခဲ့ပေ။ ယဲ့ချင်းရန်က မုချင်းရွဲ ပျောက်ဆုံးတဲ့အကြောင်းကို သူ့အား မမေးရဖြစ်နေသည်။ နောက်တစ်နေ့ အတန်းထဲတွင် မုချင်းရွဲ ပျောက်သွားတဲ့အကြောင်းကို သူမ တွေးနေရင်း မလွယ်ကူသလို ခံစားနေရသည်။

မူရင်းဝတ္ထုထဲမှာလည်း ဇာတ်လိုက်မက ပျောက်သွားသည်။

အစပိုင်းတုန်းက ဇာတ်လိုက်တွေက ဇာတ်လိုက်မမုချင်းရွဲကို မမျှဝေချင်ကြပေ။ အထူးသဖြင့် စုယီအန်းဖြစ်သည်။

စုယီအန်းရဲ့မိသားစုနောက်ခံက ဇာတ်လိုက်တွေထဲမှာ အကောင်းဆုံးဖြစ်သည်။ သူက ပိုင်ဆိုင်လိုစိတ်ကြီးမားပြီး ပိုပြီး ခြယ်လှယ်တတ်သည်။ ဇာတ်လိုက်မကို လုံကျွင်းယောင်အပြင် တခြားနှစ်ယောက်နှင့်ပါ လမ်းခွဲဖို့ အမိန့်ပေးလာသည်။

ဇာတ်လိုက်မကြောင့် သူက လုံကျွင်းယောင်နှင့် ဆက်ဆံရေးပြတ်စဲသွားရသည်။

လုံကျွင်းယောင်၊ မုရုန်ယီချန်းနှင့် လျန်ရှောင်းတို့က အတူတူပူးပေါင်းပြီး စုယီအန်းကို တိုက်ခိုက်ကြမယ်လို့ ကတိသစ္စာပြုလိုက်ကြသည်။

တုန်ဖန်းယွီက သူ့ကိုယ်သူဖော်ပြလာတာမျိုးမရှိပေ။ သူက ဇာတ်လိုက်မရဲ့ တိတ်တိတ်ပုန်းချစ်သူနှင့် ပိုတူသည်။ သူက ဇာတ်လိုက်မရဲ့ အစဉ်းစားပေးတတ်ဆုံးသူဖြစ်သည်။ သူက သူမကို ထောက်ပံ့ပေးတယ်၊ နှစ်သိမ့်ပေးတယ်၊ သည်းခံပေးတယ်။ သူက ဒေါသကြီးပြီး အေးစက်ကာ အထက်စီးဆန်သော်လည်း အချစ်အတွက် မုချင်းရွဲအတွက် သူ အရာတိုင်းကို သည်းခံသည်။

စုယီအန်း၊ လုံကျွင်းယောင်နှင့် ကျန်နှစ်ယောက်ရဲ့ ပြင်းထန်သည့် အငြင်းပွားမှုတွေကြောင့် ဇာတ်လိုက်မနှင့် တုန်ဖန်းယွီကြားထဲမှ ကိစ္စက နောက်ဆုံးမှာ ပေါ်ပေါက်သွားတော့သည်။

ဇာတ်လိုက်ငါးယောက်က အာဆူရာခန်းမမှာ စုစည်းကာ သူမအပေါ် ဘယ်တစ်ယောက်မှ လက်မလျှော့ချင်ကြပေ။ သေဖို့ပဲ အချင်းချင်းဆုတောင်းနေကြသည်။

ဇာတ်လိုက်မက နှလုံးပေါက်ကွဲမတတ် ငိုနေကာ မောဟိုက်သွားသည်။ သူမက ကမ္ဘာပေါ်မှာ သနားစရာအကောင်းဆုံးသူလို့ ခံစားမိနေသည်။ သူမချစ်တဲ့သူနှင့် မရှိနိုင်သလို ယောကျာ်းတစ်ယောက်ပြီး တစ်ယောက်နှင့် အတူတူအိပ်ဖို့ ဖိအားပေးခံရသည်။ အခု သူတို့က သူမကို အပြစ်တင်ပြီး ပြောင်းလဲလွယ်တဲ့ မိန်းမလို့ခေါ်သည်။ သူမက တကယ်ဖြူစင်သည်။ သူမက အရမ်းသနားဖို့ကောင်းပြီး စိတ်မချမ်းမြေ့ဖြစ်ရသည်။ သူမရဲ့ ပူဆွေးမှုကြောင့် အိမ်ကနေထွက်ပြေးသွားသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now