Chapter 205: Chu Yan's Favourite Food...

6.4K 864 16
                                    

UNICODE

သူ့ကို သူမ ရန်မစရဲပေ။ သူမ ကောင်းကောင်းသိသည်။ ချူယန်သာ အဖိုးကြီးကို သူမအား ထပ်မတွေ့ချင်ဘူးလို့ ပြောလိုက်ရင် အဖိုးကြီးက သူမကို ယန်မိသားစုနှင့် မြို့တော်ဆီကနေ ပျောက်ကွယ်သွားအောင် လုပ်လိမ့်မည်။

သက်လတ်ပိုင်းအမျိုးသမီးက လျင်မြန်စွာ Apron ကို ချွတ်လိုက်သည်။ "ကျွန်မ အခုပဲထွက်သွားပါ့မယ်"

ချူယန်က သူမကို မကြည့်ဘဲ ထူးမခြားနားဟန်ဖြင့် ပြောလိုက်သည်။ "အမှိုက်တွေပါသယ်သွား"

အမျိုးသမီးက Apron ချွတ်ရင်းတစ်ဝက်မှာပဲ သူမကိုယ်ကို ပြန်ပတ်ကာ သူမပစ္စည်းတွေသယ်ပြီး ချက်ချင်းထွက်သွားတော့သည်။

ယဲ့ချင်းရန်က အိပ်ခန်းထဲဝင်လိုက်ပြီး အထဲကနေ တံခါးလော့ခ်ချလိုက်သည်။

သူမကြည့်ရတာ တည်ငြိမ်နေပေမယ့် အနည်းငယ် စိတ်တိုနေသည်။ ကြုံရာလူက ဝန်လာပြီး သူမကို လက်ညိုးထိုးကာ ထွက်သွားဖို့နှင့် အထင်သေးမှုအမျိုးမျိုးကို ပြောလာသည်။ သူမက ဘာမှမဖြစ်ဘဲ ဘယ်လို ဟန်ဆောင်မလဲ?

တံခါးကို လော့ခ်ချထားတာက ချူယန်ကို သူမ အပြုအမူကို ပြောနေတာဖြစ်သည်။ သူမအပြုအမူကို ချူယန် သိဖို့လိုသည်။ မဟုတ်ရင် အနာဂတ်မှာ ဘယ်သူမဆို သူမရှေ့တွင် မောက်မာစွာ လာလုပ်ကြလိမ့်မည်။

ဒီမနက်ကို သူမ အစောကြီး ထထားသည်။ စာမေးပွဲကလည်း အာရုံစိုက်မှု အပြည့်လိုသည်။ သူမ အရမ်းပင်ပန်းနေလို့ အိပ်ယာပေါ်လှဲလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။

အိပ်ပျော်နေရင်း သူမမျက်နှာက အနည်းငယ်ယားသလို ခံစားလိုက်ရသည်။ မျက်မှောင်ကြုတ်ကာ တစ်ဖက်လှည့်ပြီး ဆက်အိပ်ချင်နေသည်။

သူမဘေးတွင် ယောကျာ်းတစ်ယောက်ထိုင်နေတာကို သူမ သတိမထားမိပေ။ သူမ ပြန်လှည့်လာချိန်မှာတော့ ထိုအမျိုးသားနှင့် မျက်နှာချင်းဆိုင်ဖြစ်သွားသည်။ ထိုအမျိုးသားက ကိုယ်ကို ကိုင်းပြီး သူမရဲ့ နူးညံ့နေသည့် နှုတ်ခမ်းပါးလေးကို နမ်းရှိုက်နေသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Opowieści tętniące życiem. Odkryj je teraz