Chapter 234: A Confession Letter (2)

4.5K 665 17
                                    

UNICODE

ဝမ်ရှောင်ယွီက မျက်မှောင်ကြုတ်ပြီး ရှရှင်းကို ကြည့်လိုက်သည်။

ဒီရက်တွေမှာ ရှရှင်းက သူမအဆောင်ကို လာရတာ အမြဲသဘောကျနေပြီး ယဲ့ချင်းရန်ကို စကားပြောနေသည်။ သို့ပေမယ့် အကြောင်းအရာက ယဲ့ချင်းရန်ရဲ့ချစ်သူကောင်လေးဆီကနေကို မခွါဖြစ်နေသည်။

ရှရှင်း ဘာကိုတွေးနေလဲဆိုတာ ဝမ်ရှောင်ယွီက ဘယ်လိုလုပ်ပြီး မသိဘဲနေပါ့မလဲ။ ဒါက တကယ့်ကို ခေါင်းကိုက်စရာပဲ။

"ချင်းရန် ငါ့ဆီကို ပါဆယ်တစ်ထုပ်ရောက်လာရင်း နင့်ရဲ့ပါဆယ်ကိုပါ လက်ခံထားလို့ နင့်အတွက် ယူလာပေးတယ်" ဝမ်ရှောင်ယွီက ယဲ့ချင်းရန်ဆီကို လျှောက်လာပြီး သူမဆီအထုတ်ကမ်းပေးလိုက်သည်။ ရှရှင်းကို အောက်ခြေထိ မကျရောက်စေချင်ပေ။

"ကျေးဇူး"

ယဲ့ချင်းရန်က ပါဆယ်ကိုယူလိုက်ရင်း အနည်းငယ်ရှုပ်ထွေးနေသည်။

သူမက အွန်လိုင်းကနေ ဘာမှမဝယ်ဘူးလေ။ ဘယ်လိုလုပ်ပြီး ပါဆယ်ထုတ်က ရောက်လာတာလဲ?

ယဲ့ချင်းရန်က ပါဆယ်ထုတ်ကို လက်နဲ့ခါကြည့်ပြီးမှ ဂရုတစိုက်ဖြင့် ဖွင့်ကြည့်လိုက်သည်။

အထဲတွင် သေချာထုတ်ထားသည့် လက်ဆောင်ဘူးတစ်ဘူးရှိပြီး ထိုဘူးထဲတွင် အရုပ်တစ်ခုရှိနေသည်။ ထိုအရုပ်ကို အနီရောင်ကြိုးတွေဖြင့် ချည်ထားကာ S&M အငွေ့အသက်အားပေးနေသလိုပင်။ (T/N: S&M ကို သိကြတယ်ဟုတ် မပြောပြတော့ဘူး)

အရုပ်ရဲ့အောက်မှာ နီရဲရဲစာလုံးတွေပါသည့် ကတ်တစ်ခုရှိနေသည်။

{ယဲ့ချင်းရန် ငါနင့်ကို ချစ်တယ်}

ဒါက ဖွင့်ပြောတဲ့ဟာလား?

ဘာလို့ အရမ်းကြောက်ဖို့ကောင်းနေတာလဲ။

ယဲ့ချင်းရန်ရဲ့ မျက်နှာ မည်းမှောင်သွားသည်။

သူမဘေးမှာ မုန့်ထိုင်စားနေသည့် ရှောင်ဖေးယွဲ့တောင် လန့်သွားသည်။ "ဘယ်သူလဲ? ဘာလို့ နှာဘူးတစ်ယောက်ရဲ့ဟာလို့ ခံစားမိနေတာလဲ?"

ဝမ်ရှောင်ယွီက ပြောလာသည်။ "ဒါ နင်အွန်လိုင်းကနေဝယ်ထားတာမဟုတ်ဘူး။ တစ်ယောက်ယောက်က နင့်ကို ပို့လာတာ... အရုပ််? ယဲ့ချင်းရန် ငါနင့်ကိုချစ်တယ်? ဘယ်သူကြီးလဲ? ပစ္စည်းပို့တဲ့နေရာမှာပါတဲ့ ဖုန်းနံပါတ်ကိုကြည့်..."

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now