Chapter 274: Prepare an Escape Route

3.6K 544 1
                                    

UNICODE

ချူရုန်ရုန်က နိုးလာသော်လည်း ဒီလောက်အမြင့်ကနေ ပြုတ်ကျတာ သူမအဆင်ပြေရဲ့လားဆိုတာ မသေချာပေ။ တစ်ကိုယ်လုံး စစ်ဆေးမှုလုပ်ဖို့ ယဲ့ချင်းရန်နှင့် ချူယန်က သူမကို ဆေးရုံသို့ပို့တော့သည်။ သူမအဆင်ပြေတယ်ဆိုမှ အိမ်ကို ပြန်ခေါ်လာကြသည်။

သို့ပေမယ့် ဒီနေ့ ချူရုန်ရုန်ရဲ့အသက်က ဒီနေ့ကို ကပ်သီးလေးဖြစ်သွားလို့ စိတ်ဒဏ်ရာအနေနှင့် ကျန်ခဲ့မည်ဖြစ်သည်။

အဖျားနည်းနည်းရှိကာ တစ်ယောက်တည်း မအိပ်ရဲပေ။ သူမ မျက်လုံးမှိတ်လိုက်တိုင်း တစ်စုံတစ်ယောက်ရဲ့ တွန်းချတာခံလိုက်ရသည့် မြင်ကွင်း ရေထဲရုန်းကန်ရင်း ရေမွှမ်းသည့် မြင်ကွင်းတွေ ပြန်ပြန်မြင်လာသည်။
ယဲ့ချင်းရန်က သူမကို အဖော်ပြုပြီး ဂရုစိုက်ပေးသည်။

ညဉ့်အရမ်းနက်တော့မှ ချူရုန်ရုန် အိပ်ပျော်သွားသည်။ ယဲ့ချင်းရန်လည်း ဒီနေ့ကို ထိတ်လန့်သွားသည်။ သူမ ပင်ပန်းပြီး အိပ်ချင်နေပြီမို့လို့ ချူရုန်ရုန်ဘေးမှာ လှဲလိုက်တာနှင့် ချက်ချင်း အိပ်ပျော်သွားသည်။
အခန်းမှာ မီးရောင်ခပ်ဖျော့ဖျော့လင်းနေတုန်းဖြစ်သည်။ ချူယန်က တံခါးကို ညင်သာစွာတွန်းဖွင့်ပြီး ကုတင်ဘေးကို လျှောက်လာ၏။

အိပ်ယာပေါ်ရှိ ယဲ့ချင်းရန်နှင့် ချူရုန်ရုန်ကို သူကြည့်လိုက်သည်။ နှစ်ယောက်လုံးက အိပ်နေချိန်ကို ငြိမ်နေပေမယ့် သူတို့ရဲ့ နှုတ်ခမ်းထက်မှာတော့ ဝမ်းနည်းမှု ခပ်ဖျော့ဖျော့ရှိနေပုံရသည်။

ချူယန်က မသိမသာ မျက်မှောင်ကြုံ့သွားသည်။

လက်ဆန့်ပြီး အိပ်ယာဘေးရှိ မီးအိမ်ကို ပိတ်ဖို့ လုပ်လိုက်၏။

သို့ပေမယ့် သူ့လက်က ခလုတ်ပေါ်ရောက်ရုံရှိသေး ယဲ့ချင်းရန်က ဖြည်းဖြည်းချင်းနိုးလာပြီး ငေးကြောင်ကြောင်ဖြင့် ရေရွတ်လာသည်။ "ငါ ဘယ်တုန်းက အိပ်ပျော်သွားတာပါလိမ့်"

သူမက အိပ်ယာပေါ်မှ ထထိုင်ကာ သူမဘေးရှိ ချူရုန်ရုန်ကို လှည့်ကြည့်လိုက်သည်။ ပြီးနောက် သူမ မနိုးအောင် ဖြည်းဖြည်းချင်းထလာသည်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Όπου ζουν οι ιστορίες. Ανακάλυψε τώρα