Chapter 206: The Unchangeable Status Quo (1)

5.8K 835 41
                                    

UNICODE

ကောလိပ်ဝင်ခွင့်စာမေးပွဲပြီးသွားတော့ မုချင်းရွဲ နောက်ဆုံးမှာတော့ အနားရသွားသည်။ သူမအမှတ်ကို အကြမ်းမျဉ်းတွက်ပြီးနောက် သူမမှန်းထားသည့်ကျောင်းကို တက်ရောက်ရန် ပြဿနာမရှိတာကို ကောက်ချက်ချလိုက်သည်။

သူမအိမ်ကိုပြန်ရောက်ပြီးနောက် မောပန်းနေသည်။ ပထမတော့ သူမအခန်းဆီပြန်ပြီး လှဲချကာ နားချင်သည်။

သူမအထဲဝင်တော့ လုံကျွင်းယောင်က သူ့အင်္ကျီလဲနေတာကို မြင်လိုက်သည်။ သူ့မျက်နှာက အေးစက်ကာ သူ့အမူအရာကလည်း ရန်လိုနေဟန်ဖြင့် သူ့အကြည့်ကလည်း မှုန်မှိုင်းနေ၏။

"ကျွင်းယောင်... ရှင်အပြင်သွားဖို့လား?" မုချင်းရွဲက လျှောက်လာပြီး မေးလိုက်သည်။

လုံကျွင်းယောင်က သူမကို ပြန်မဖြေပေမယ့် သူလုပ်စရာရှိတာကို ဆက်လုပ်နေသည်။

သူမကို လျစ်လျူရှုတာကို မြင်တော့ မုချင်းရွဲက သူ့ဆီလျှောက်လာပြီး သူ့အင်္ကျီလက်ကို ဆွဲလိုက်သည်။ သူမက ညင်သာစွာမေးလာသည်။ "ဒီည ညစာအတွက် ပြန်လာမှာလားဟင်? ဒီနေ့ ကျွန်မစာမေးပွဲပြီးသွားပြီ။ ဒီည ညစာစားပွဲကျင်းပရအောင်လေနော်။"

လုံကျွင်းယောင်ရဲ့ အမူအရာကဆက်လက်ပြီး အေးစက်နေကာ ရန်လိုနေသည်။ သူမလက်ကို စိတ်မရှည်စွာဖြင့် ဝှေ့ရမ်းလိုက်သည်။ "လစ်လိုက်"

မုချင်းရွဲ ကြောင်သွားသည်။

သူမမျက်လုံးတွေက နီရဲလာပြီး မျက်ရည်တွေဖြင့် ပြည့်လာကာ စိတ်ထိခိုက်ဟန်ဖြင့် ပြောလာသည်။ "လုံကျွင်းယောင် ရှင်ဘာလုပ်တာလဲ? ရှင့်ဒေါသတွေ ကျွန်မအပေါ် ဘာလို့ ပုံချနေတာလဲ?"

လုံကျွင်းယောင် ခေါင်းလှည့်လိုက်တော့ မုချင်းရွဲ ငိုတော့မလိုဖြစ်နေတာကို မြင်ပြီး ကူကယ်ရာမဲ့စွာနှင့်ပဲ သူ့နှလုံးသားက ပျော့ပျောင်းသွားသည်။

အကြိမ်တိုင်း ဤပုံစံပင်။ သူ့ကို သစ္စာဖောက်မှုအတွက် သူမကို မုန်းသည်။ လျစ်လျူရှုချင်သည်။ သူ အဆင်မပြေတာ အသိသာပင်။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now