Chapter 248: The Harasser (2)

3.8K 598 8
                                    

UNICODE

ယဲ့ချင်းရန်က ထိုအမျိုးသားကို အရမ်းသဘောကျသည့်ပုံဖြင့် သူ့အတွက် စကားပြောပေးနေတာကို ယဲ့ကျွင်း မြင်လိုက်ရသည်။

ထိုသူကသာ သူမအတွက်အချစ်မြတ်နိုးဆုံးဖြစ်ပြီး သူကတော့ လမ်းတစ်ဝက်ကနေ ကောက်ရလာသည့် အဖေလိုဖြစ်နေသည်။

ယဲ့ကျွင်းရဲ့နှလုံးသားထဲခါးသက်မှုတွေဖြင့် ပြည့်နေပြီး ခံစားချက်တွေရောထွေးနေသည်။ စိတ်မချမ်းသားစရာတွေ ဖြစ်နေတာကိုတော့ ပြောစရာမလိုပင်။

သူ့သမီးက သူ့ထက် ထိုအမျိုးသားနှင့် ပိုရင်းနှီးနေတာကို သူဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။

အပြင်းအထန်ကန့်ကွက်တယ်။ သူက လုံးဝ အပြင်းအထန်ကန့်ကွက်တယ်။ ထိုလူက သူ့ရဲ့အဖိုးတန်သမီးလေးကို လုသွားမှာကို သူလုံးဝခွင့်မပြုနိုင်ဘူး။

"ရုန်ရုန်အစ်ကိုက သမီးထက် အသက်အများကြီးကြီးတယ်မဟုတ်ဘူးလား? သမီးတို့နှစ်ယောက်ကြား မျိုးဆက်တစ်ဆက်ကွာနေမှာကို မစိုးဘူးလား? တူညီတာများ ရှိသေးလား?"

ချူရုန်ရုန်အစ်ကိုအကြောင်းကို ချူရုန်ရုန်ပါးစပ်ကနှင့် ယဲ့ချင်းရန်ဆီကနေ သူသိခဲ့တာဖြစ်သည်။ သူက အရမ်းကို ထူးချွန်သည့်သူဖြစ်ပုံရ၏။

ဘွဲ့ရပြီးတာ သိပ်မကြာသေးဘဲ ပိုက်ဆံတွေရှာနိုင်ပြီး သူ့ကိုယ်ပိုင်အိမ်ကိုတောင် ဝယ်ထားနိုင်ပုံရသည်။

သူ့မိသားစုအပေါ် မှီမခိုတာလည်း ကောင်းသည့်အရာတစ်ခုပင်။

သို့ပေမယ့် အထူးအကြောင်းအရာတွေတော့ သူမသိပေ။

အကြီးကောင်ကို ဒီချူယန်အကြောင်းစုံစမ်းဖို့ လုပ်ခိုင်းရမည့်ပုံပင်။

ယဲ့ချင်းရန်က ပြောလာသည်။ "သမီးနဲ့အသက်တူတဲ့ ကောင်လေးတွေကို သမီးသဘောမကျဘူး။ သမီးက ပါးလို ရင့်ကျက်ပြီး တည်ငြိမ်တဲ့သူမျိုးကို သဘောကျတာ"

ဒီစကားကို ယဲ့ကျွင်းကြားချိန်မှာတော့ အရမ်းပျော်သွားသည်။

သူ့ရဲ့ ဒီသမီးလေးကို ပျိုးထောင်ခဲ့ရတာ အလကားမဟုတ်ဘူးပဲ။ ကြည့်ရတာ သူမစိတ်ထဲမှာ သူ့ကို စံပြအဖြစ်သဘောထားနေသေးတုန်းပဲ။ မဟုတ်ရင် သူ့လိုယောကျာ်းမျိုးကို သူမ ရှာချင်မှာမဟုတ်ပေ။

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now