Chapter 298: Everything Are Just Words, But He Is a Star (Final)

7.2K 658 35
                                    

UNICODE

ယဲ့ချင်းရန်၏ အမူအရာက အနည်းငယ် ကြောင်ငေးသလိုဖြစ်သွားသည်။ သူဘာကို ဆိုလိုတာလဲဆိုတာ သူမ နားမလည်ခင် ခဏလောက် ကြောင်နေသည်။ သူမက မယုံကြည်နိုင်ဟန်ဖြင့် ပြောလာသည်။ "အဲ့မိန်းကလေးက ညီမလို့တော့ မပြောနဲ့နော်။ ညီမ မဖြစ်နိုင်ဘူး"

"ဘာလို့ မင်းမဖြစ်နိုင်ရမှာလဲ?" ချူယန်က သူမအား ချစ်မြတ်နိုးစွာ ကြည့်လာသည်။ သူ့ရင်ခွင်ထဲ သူမကို ဖက်ထားရင်း သူ့တစ်ကမ္ဘာလုံးကို ထွေးပွေ့ထားချင်နေသည်။

"ညီမမယုံပါဘူး" ယဲ့ချင်းရန်က ဆက်ပြီး တည်ငြိမ်မနေနိုင်တော့ပေ။ အရာတိုင်းက အိပ်မက်ဆန်လွန်းသည်။ အရာတိုင်းက သူမနိုးလာလို့ စမှတ်ကို ပြန်ရောက်နေသလို တကယ်ခံစားနေရသည်။

"မင်းက ကိုယ့်ရဲ့ တစ်ဦးတည်းသောသူပဲ။ မင်းက ကိုယ်ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသောသူပဲ" ချူယန်က ခိုင်မာစွာ ဆိုလေသည်။ "ကိုယ်က မိန်းကလေးတွေ ထောင်နဲ့ချီ ဆုံခဲ့ဖူးပေမယ့် ကိုယ့်စိတ်ထဲမှာ စွဲကျန်နေခဲ့တာ မင်းက တစ်ဦးတည်းသော မိန်းကလေးပဲ။ ဒါပေမယ့် ကိုယ် စာအုပ်ထဲ ဝင်သွားချိန်မှာ ကိုယ် ဘာလို့ မမှတ်မိတော့တာလဲဆိုတာ ကိုယ်အရမး်သိချင်တယ်။ ကိုယ်က အရင်က ချူယန်နဲ့ တူတူပဲလား မတူဘူးလားဆိုတာ ကိုယ် အရမ်းသိချင်တယ်"

ဒါပေမယ့် ချူယန်က ဘယ်လိုပဲဖြစ်ဖြစ် ယဲ့ချင်းရန်ကိုသာ ချစ်မိတာ အရမ်းသိသာသည်။

"အဲဒါ စာအုပ်မဟုတ်ဘူး ဂိမ်းပဲ" ယဲ့ချင်းရန်က ရှင်းရုဟွာက ဂိမ်းကို သုံးပြီး သူမကို ဘယ်လိုသတ်ချင်လဲဆိုတာကို အရာတိုင်း ချူယန်အား ပြောပြလိုက်သည်။

"မင်းနဲ့ ကိုယ်နဲ့ ဂိမ်းထဲမှာ ဘာလို့ ဆုံခဲ့တာလဲဆိုတာ နည်းနည်းတော့နားလည်လာပြီလို့ ကိုယ်ထင်တယ်"

"ဘာလို့လဲ?"

"ဘာလို့လဲဆိုတော့ ကိုယ်က မင်းအကြောင်းကို ရှာဖို့ ယီယီကို မကြာမကြာခိုင်းတယ်။ မင်းနာမည်က ရှာဖွေမှုအဆင့်ထဲမှာ နံပါတ်၁ပဲ။ အဲဒါကြောင့် ကိုယ်က ရေဒီယိုလှိုင်းကုထုံးကို သုံးနေချိန်မှာ ယီယီက မင်းဆီ ကိုယ့်ကို အင်တာနက်ကနေ ပို့လိုက်တယ်။ အဲဒါကြောင့် ကိုယ်က ဂိမ်းထဲ မင်းနောက်က လိုက်လာခဲ့တာ။ ဂိမ်းက အစတုန်းက မင်းကို အန္တရာယ်ပြုဖို့ ထွင်ထားတာ။ ရှင်းရုဟွာက ဂိမ်းကို ကစားတဲ့သူတိုင်းကို မှတ်ဉာဏ်မရှိခွင့်ပေးထားတာ သဘာဝပဲလေ။ ကိုယ်က တခြားနည်းနဲ့ ဝင်လာတာကို မဆိုနဲ့"

နိုးထလာသော သန်မာသည့်အမျိုးသမီးဇာတ်ရန် (BOOK II)Where stories live. Discover now