"so sweet "
"ဗျာ"
"ဟိုးမှာ ဆိုင်ဖွင့်တယ်... ကိုယ်တို့ ဦးနှောက်ကို ခဲပြီး အငွေ့ပျံသွားအောင် လုပ်ကြမလား"
"အဟားဟား... အိုးးခေးး...let's go"
ငြိမ်းရဲ့ အပြောကြောင့် so sweet က သဘောကျစွာဖြင့် အော်ရယ်လိုက်ပြီး ငြိမ်းလက်ကို ဆွဲလျက်သားနှင့် ဆိုင်လေးဆီသို့ ပြေးသွားတော့သည်...
ငြိမ်းတို့ စီးကရက်တစ်ဗူး နှင့် ရေခဲမုန့်တစ်ခွက်ဝယ်ကာ ပြန်ထွက်လာကြပြီး so sweet က စီးကရက်တစ်လိပ်ကို ထုတ်၍မီးညှိလိုက်သည်...
"ကိုယ့်ကို တစ်လိပ်ပေးဦးလေ"
"တော်ပြီ... ဒီတစ်လိပ်ပဲ တူတူ သောက်မယ်... အစ်ကို အကျင့်ပါသွားမှာစိုးလို့"
"အာ... တစ်ခါတလေပဲဟာကို"
ငြိမ်း အပြောကို so sweet က မကြားချင်ယောင်ဆောင်၍ စီးကရက်ကို လက်ကြားညှပ်ကာ ရေခဲမုန့်ဗူးကိုဖွင့်ပြီး ငြိမ်းကို ခွံ့ကျွေးလာသည်...
"ဆေးလိပ်အရင်ပေး"
"ဒါ အရင်စား"
ငြိမ်းက ဇွတ် လုတော့ so sweet က လက်ကို အပေါ်သို့ မြှောက်လိုက်ပြီး...
"အာ...ပြုတ်ကျတော့မယ်ကွာ...အစ်ကိုက ဘာလေးတုန်း"
"ပေး!"
"ရော့ကွာ ရော့ ရော့"
"အဟားဟား"
ငြိမ်းတို့ နှစ်ယောက်လုံး စိတ်လက်ပေါ့ပါးစွာ ရယ်မိကြသည်... ငြိမ်းရဲ့ သကြားလုံးလေးက ဒီလိုလဲ ချစ်ဖို့ကောင်းပါသေးသည်... ဆေးလိပ်သောက်လိုက် ရေခဲမုန့်စားလိုက်နဲ့ လမ်းလျှောက်နေကြရင်း အချိန်က မနက် ၂ နာရီတောင် ထိုးတော့မည်...
"so sweet "
"ဗျား"
"မင်းရဲ့ မိသားစု အကြောင်းပြောပြ"
ငြိမ်းက မေးတော့ so sweet က ငြိမ်းနဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး လမ်းကို နောက်ပြန်လျှောက်ကာ လက်ပိုက်ထားသည်... ထို့နောက် မျိုးကျော့မြိုင်လေသံဖြင့်...
"ကျွန်တော့် နာမည် အာကာကြည်ညွှန်းပါ...
မြောက်ဒဂုံမှာနေပါတယ်... ကျွန်တော့်အဖေ ဦးကြည်ညွှန်းပါ မဟာကြည်ညွှန်း trading လုပ်ပါတယ်...
ကျွန်တော့အမေ ဒေါ်ခင်ခင်မျိုးဆွေပါ အမြဲတမ်းလိုလို ရိုက်ပါတယ်"
![](https://img.wattpad.com/cover/326331927-288-k559696.jpg)
YOU ARE READING
Match Made In Clouds
RomanceMyanmar Boy Love Fiction (OC) ကြည်ညွှန်း Family ကြီးထဲကို ရောက်လာခဲ့တဲ့ ငြိမ်းအေးအိမ် ဆိုတဲ့ အစ်ကို့ကို ထားစရာနေရာမရှိအောင် သဲသဲလှုပ်တဲ့ အဆိုးလေး အာကာကြည်ညွှန်း တို့အကြောင်း
Ep 12 (Z)
Start from the beginning