အစ်ကို့ရဲ့ မရဲတရဲ ပြန်လည်တုန့်ပြန်နေပုံလေးက အာကာ့ကိုပိုပြီး စိတ်လှုပ်ရှားရူးသွပ်စေသည်... နမ်းရင်းနဲ့ အာကာ့ လက်တွေက Bathrobe ထဲသို့တိုးဝင်ကာ အစ်ကို့ ရင်ဘတ်တွေပေါ် ပွတ်သပ်မိတော့ အစ်ကိုက ဖျတ်ခနဲ ဖမ်းဆွဲထားသည်...

"အင်း...အစ်ကို"

"so sweet ဘာလိုချင်နေမှန်း သိပေမဲ့... ကိုယ်... ကိုယ်...အဆင်သင့်မဖြစ်သေးဘူး"

အစ်ကို့ အပြောကြောင့် အာကာ အနမ်းတွေကို ရပ်တန့်လိုက်ပြီး အစ်ကို့ရင်ခွင်ထဲ ခေါင်းတိုးဝင်ကာ မိနစ်အနည်းငယ်ကြာသည်အထိ ကိုယ့်ကိုကိုယ် Control လုပ်ရင်း ငြိမ်နေမိသည်... အစ်ကိုက အာကာ့ နားရွက်ဖျားလေးကိုဖွဖွပွတ်ပေးနေသည်... အတန်ကြာမှ အစ်ကို့ လည်တိုင်လေးကို ရွှတ် ခနဲ တစ်ချက်နမ်းလိုက်ပြီး...

"အစ်ကို အိပ်တော့နော်"

အစ်ကို့ကို အိပ်ရာပေါ်မှာ နေရာတကျချပေးပြီးမှ တစ်ဖက်ခုတင်စွန်းတွင် ဝင်လှဲလိုက်သည်... အစ်ကို့ကို ကျောခိုင်းလိုက်ပြီး စောင်ကို ဆွဲယူ၍ ခေါင်းမြှီးခြုံကာ ကွေးနေလိုက်သည်... ခဏကြာတော့ နောက်ကျောဖက်ဆီမှ လှုပ်ရှားသံ ကြားရပြီး အာကာ့ခေါင်းပေါ်မှ စောင်ကို အစ်ကိုက ဆွဲဖယ်လာသည်...

"so sweet... ကိုယ်တို့ အောက်ဆင်းပြီး Old Quarter ထဲမှာ လမ်းသွားလျှောက်ကြမယ်လေ"

"ဟင်"

အာကာက အိပ်နေရာမှ ထပြီး အစ်ကို့ကို ကြည့်လိုက်သည်... အစ်ကိုက လည်ကုတ်လေးကိုပွတ်ခါ ခေါင်းကို အောက်သို့ငုံ့သွားပြီး...

"ဒီမှာ ဒီတိုင်း ဆက်နေနေရင်...ကိုယ်... မင်းကို အလိုလိုက်မိလိမ့်မယ်"

"အစ်ကိုရာ"

*ချစ်ခြင်းရဲ့နောက်မှာ တက်မက်မှုက ကပ်ပါလာစမြဲမို့ ကျွန်တော်လည်း လိုချင်ပါတယ် အစ်ကို... ဒါပေမဲ့ တန်ဖိုးထားပြီးမှ ယူပါ့မယ်... ကျွန်တော်က အစ်ကို့ကို မြတ်နိုးတယ်*

.............................................................................

ဟနွိုင်းမြို့ရဲ့ Old Quarter ရပ်ကွက်ထဲက လမ်းတွေပေါ်မှာ ငြိမ်းတို့နှစ်ယောက်တည်း လမ်းလျှောက်နေသည်...

ဗီယက်နမ် တို့ ကမ်ဘောဒီးယား တို့က ထိုင်း နိုင်ငံလို 24 hours bar တွေ သိပ်မရှိဘဲ ညဥ့်နက်တဲ့အထိ ဆိုင်တွေ ဖွင့်လေ့မရှိတာ သတိထားမိသည်... so sweet က ငြိမ်းရဲ့ လက်ကိုဆွဲပြီး လမ်းလယ်ခေါင်တည့်တည့်ကနေလျှောက်နေသည်... ငြိမ်းက လမ်းဘေးဝဲယာ လျှောက်ကြည့်နေရင်း ခပ်လှမ်းလှမ်းမှာ mini mart လေးတစ်ခု ဖွင့်ထားတာ တွေ့လိုက်ရသဖြင့် so sweet ရဲ့ လက်ကို ဆွဲလှုပ်လိုက်သည်...

Match Made In Clouds Where stories live. Discover now