ဗီယက်နမ် တို့ ကမ်ဘောဒီးယား တို့က ထိုင်း နိုင်ငံလို 24 hours bar တွေ သိပ်မရှိဘဲ ညဥ့်နက်တဲ့အထိ ဆိုင်တွေ ဖွင့်လေ့မရှိတာ သတိထားမိသည်... so sweet က ငြိမ်းရဲ့ လက်ကိုဆွဲပြီး လမ်းလယ်ခေါင်တည့်တည့်ကနေလျှောက်နေသည်... ငြိမ်းက လမ်းဘေးဝဲယာ လျှောက်ကြည့်နေရင်း ခပ်လှမ်းလှမ်းမှာ mini mart လေးတစ်ခု ဖွင့်ထားတာ တွေ့လိုက်ရသဖြင့် so sweet ရဲ့ လက်ကို ဆွဲလှုပ်လိုက်သည်...

"so sweet "

"ဗျာ"

"ဟိုးမှာ ဆိုင်ဖွင့်တယ်... ကိုယ်တို့ ဦးနှောက်ကို ခဲပြီး အငွေ့ပျံသွားအောင် လုပ်ကြမလား"

"အဟားဟား... အိုးးခေးး...let's go"

ငြိမ်းရဲ့ အပြောကြောင့် so sweet က သဘောကျစွာဖြင့် အော်ရယ်လိုက်ပြီး ငြိမ်းလက်ကို ဆွဲလျက်သားနှင့် ဆိုင်လေးဆီသို့ ပြေးသွားတော့သည်...

ငြိမ်းတို့ စီးကရက်တစ်ဗူး နှင့် ရေခဲမုန့်တစ်ခွက်ဝယ်ကာ ပြန်ထွက်လာကြပြီး so sweet က စီးကရက်တစ်လိပ်ကို ထုတ်၍မီးညှိလိုက်သည်...

"ကိုယ့်ကို တစ်လိပ်ပေးဦးလေ"

"တော်ပြီ... ဒီတစ်လိပ်ပဲ တူတူ သောက်မယ်... အစ်ကို အကျင့်ပါသွားမှာစိုးလို့"

"အာ... တစ်ခါတလေပဲဟာကို"

ငြိမ်း အပြောကို so sweet က မကြားချင်ယောင်ဆောင်၍ စီးကရက်ကို လက်ကြားညှပ်ကာ ရေခဲမုန့်ဗူးကိုဖွင့်ပြီး ငြိမ်းကို ခွံ့ကျွေးလာသည်...

"ဆေးလိပ်အရင်ပေး"

"ဒါ အရင်စား"

ငြိမ်းက ဇွတ် လုတော့ so sweet က လက်ကို အပေါ်သို့ မြှောက်လိုက်ပြီး...

"အာ...ပြုတ်ကျတော့မယ်ကွာ...အစ်ကိုက ဘာလေးတုန်း"

"ပေး!"

"ရော့ကွာ ရော့ ရော့"

"အဟားဟား"

ငြိမ်းတို့ နှစ်ယောက်လုံး စိတ်လက်ပေါ့ပါးစွာ ရယ်မိကြသည်... ငြိမ်းရဲ့ သကြားလုံးလေးက ဒီလိုလဲ ချစ်ဖို့ကောင်းပါသေးသည်...  ဆေးလိပ်သောက်လိုက် ရေခဲမုန့်စားလိုက်နဲ့ လမ်းလျှောက်နေကြရင်း အချိန်က မနက် ၂ နာရီတောင် ထိုးတော့မည်...

Match Made In Clouds Where stories live. Discover now