"တို့သဝန်မတိုတတ်ဘူး ကောင်းကင်ပြာ မဟာ့ကိုသနားတာ မင်းတို့ကြားမှာဘာတွေဖြစ်ခဲ့လဲ တို့မသိဘူး ဒါပေမယ့် မဟာကမင်းနဲ့ပတ်သတ်ပြီးစိတ်ဒဏ်ရာရှိခဲ့ဖူးတော့ မင်းနဲ့သူ ခဏခဏဆုံဖြစ်ခဲ့ရင်.."

"ဆုံချင်တယ်ရယ်လို့တော့မဟုတ်ဘူး အစ်မ အတတ်နိုင်ဆုံးတော့ ကိုင်းလည်းဘယ်တွေ့ချင်မလဲ မတွေ့ချင်လို့ဆိုပြီး လိပ်လိုခေါင်းဝှက်ပြီးရှောင်နေရအောင်က ကိုင်းကမှားခဲ့တာလည်းမဟုတ်ဘူး ဦးကလည်း ခွင့်မလွှတ်တတ်တဲ့သူမဟုတ်ဘူး"

"တို့ သိပါတယ် မင်းကိုတော့ သူအမြဲခွင့်လွှတ်မှာပါ မင်းတို့ကြားမှာ နားလည်မှုတွေရှိကြမှာပဲ မင်းတောင်UKသွားဖို့ နောက်ဆုတ်ခဲ့သေးတာပဲ သူကမသွားခိုင်းလို့မလား"

ထိုအခါ သူမမျက်နှာလေးပျက်သွား၍ ခက်ရဲ့ခန့်မှန်းချက်က မှန်သွားမှန်းသိလိုက်သည်။
နှုတ်ခမ်းလေးကိုက်ကာ အမူအယာပျက်နေသော သူမကိုကြည့်ပြီး ပြိုင်ဖက်တစ်ယောက်ကိုအနိုင်ရ လိုက်သလို ခက် ပြုံးမိသည်။
မင်းငယ်ပါသေးတယ် ချာတိတ်ရယ်။

"မင်း အဲ့လိုတွေစွန့်လွှတ်စွန့်စားခဲ့ပေမယ့် သူကမင်းဆီပြန်မလာဘဲ ဘာလို့ တို့နဲ့စေ့စပ်ခဲ့လဲမသိဘူး"

"ဆိုတော့ အစ်မနဲ့စေ့စပ်ပြီးကြောင်း ကိုင်းကိုလာပြောတာလား"

"မင်း ပြန်ပတ်သတ်ဖို့ စိတ်မကူးသင့်တော့ကြောင်း လာပြောပြတာ မင်းတို့ကလမ်းခွဲပြီးပြီဆိုပေမယ့် ကလေးဆိုတာမျိုးက စိတ်ကစားတတ်တယ်လေ"

"စေတနာထားပေးတာကို ကျေးဇူးတင်ပါတယ် အဲ့ဒီစကားတွေ ဦးကိုပဲ ပြောလိုက်ပါ ကိုင်းအနေနဲ့ ကလေးမို့စိတ်ကစားတာပါဆိုပြီး အကြောင်းပြချက်ပေးလို့ကောင်းပေမယ့် လူကြီးတွေအတွက်ကျ အဆင်မပြေဘူးလေ နော"

သူမက Barဘက်ကိုလှမ်းကြည့်ကာ ပြုံးရယ်ပြရင်းလက်ပြနှုတ်ဆက်လိုက်ပြီးမှ လက်ကလေးပိုက်၍ ခပ်နွဲ့နွဲ့လေးရပ်သည်။
သူမစကားကြောင့် ခက် မျက်နှာလေးတင်းသွားပေမယ့် သူမက သိပုံမရသလို သိခဲ့ရင်လည်း စကားတွေကိုရပ်တံ့ပစ်မည်မထင်။

"အစ်မပြောသလို UKမသွားဖြစ်ဘူး၊ ဒါနဲ့တောင် ဦးကပြန်မလာဘူးဆို ကိုင်းက ဦးပြန်လာအောင်လို့ UKမသွားဘဲ ထိုင်စောင့်နေတာမှမဟုတ်တာ
ကိုင်းသာအဲ့လိုလုပ်ချင်ခဲ့ရင် အစ်မနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့ အခုအချိန်ထိ စောင့်နေပါ့မလား"

သူမ မှ တစ်ပါးWhere stories live. Discover now