Part -1

3.1K 151 7
                                    

part -1

တိမ်စိုင်ဖြူတွေနဲ့ လေတဖြူးဖြူးတိုက်နေတဲ့  သာယာသော နေ့လည်ခင်းလေးမှာ ဆိုလ်း မြို့ရဲ့ ကျိကျိတက် ချမ်းသာတဲ့ ရပ်ကွက်တွင် နန်းတော်တမျှ ခမ်းနားသော အိမ်တစ်ဆောင် ရှိသည်။
အိမ်၏ ဘေးပတ်ပတ်လည်တွင် အရိပ်ရသစ်ပင် အမြောက်အများ စိုက်ထားသလို အလှစိုက်  ပန်းပင်သည်လည်း အများသား။

ခြံကျယ်ကျယ်အတွင်း ရေကူးကန် တစ်ကန်ရှိသလို၊ ထိုရေကူးကန်ဘေးမှာလည်း အဖြူရောင်နှင်းဆီပင်လှလှလေးက တစ်ပင်တည်း အစွမ်းကုန်ကို ပွင့်လန်းလို့။
ခြံပိုင်ရှင် သခင်ငယ်လေးဟာလည်း ပန်းပေါင်းများစွာထဲကမှ ထိုနှင်းဆီဖြူပင်လေးကိုသာ အရေးတယူ ပြုမူတတ်သည်။
အိမ်တော်ထဲမှာ အစေခံလုပ်သား ၃ ယောက်သာရှိသလို ထိုအိမ်၏ အိမ်ကြီးရှင် သခင်ငယ်လေးသည် တနှစ်နေမှ တစ်ခါသာ ကြုံတောင့်ကြုံခဲ စိတ်ကူးပေါက်မှသာ လာနေတတ်သည်။

ကော်ဖီခါးခါးတွေကိုသာ ကြိုက်နှစ်သက်သော သခင်ငယ်လေးသည် ခြံ၀န်းကျယ်ကျယ်ထဲက အရိပ်ရသစ်ပင် အောက်မှာ ဘာသာပြန်စာအုပ်တစ်အုပ်ကို ကော်ဖီတွေ သောက်ရင်း အေးအေးချမ်းချမ်း စာဖတ်နေသည်။

ထိုကဲ့သို့ အေးအေးချမ်းချမ်း နေထိုင်သော အသက် ၂၄ နှစ်အရွယ် သခင်ငယ်သည် အေးဆေးတည်ငြိမ်သလောက် သူ့ဘေးမှာလည်း အဖော်ပြုပေးနေတဲ့ အသက်၂၀ အရွယ် ခပ်စွာစွာ ခလေးမလေးတစ်ယောက်လည်း ရှိသည်။ အေးဆေးတည်ငြိမ်တဲ့ သခင်ငယ်လေးနဲ့ အစွာမလေးက သွေးမတော်သားမစပ်တဲ့ မောင်နှမတွေတဲ့။

ကိုကို ထမင်းစားမယ်

......

ကိုကို ထမင်းစားမယ်လို့ ထမင်းစားဖို့ အဆင်သင့်ပြင်ထားပီးပီ

......

ကိုကို ထမင်းမစားရင် တရားစွဲလို့ရတယ်နော်

ထိုကဲ့သို့ နားပူနားဆာ လုပ်တတ်တဲ့ ကောင်မလေးက ရေခဲတုံး သခင်ငယ်လေးနဲ့ တူတူနေရတာ အဆင်တော့မပြေလှ

                     ˜˜˜˜˜˜˜˜˜˜
မိတ်ဆက်ပါအုံးမယ်
ကျတော့နာမည်က jungkook၊ Jeon Jungkook
မှုခင်းဆရာဝန်တစ်ယောက်
ကျတော့ အကြာင်းကတော့ မပြောတော့ပါဘူး
စာထဲမှာပဲ ဖတ်လိုက်ပါ
ကျတော်က နားပူနားဆာ လုပ်တတ်တဲ့ ကောင်မလေးရဲ့ အုပ်ထိန်းသူပေါ့
ရင်ထဲမှာတော့ သိပ်ချစ်စရာကောင်းတဲ့
ကောင်လေးတစ်ယောက်ရှိတယ်
                         
                         ˜˜˜˜˜˜˜˜˜˜˜
hi
ချယ့် နာမည်က ချယ်ယောင်း အီချယ်ယောင်း အသက်ကတော့ ၂၀ မပြည့်သေးဘူး ပြည့်တော့မှာ
ကိုကိုနဲ့ ၂ရက်ပဲကွာတယ် ဟီးဟီး
ချယ်က ရှေ့နေမဖြစ်သေးတဲ့ ရှေ့နေပေါက်စလေးပါ
ချယ်ရဲ့ အုပ်ထိန်းသူကို
မိန်းမပေးစားရင်ကောင်းမလား
ယောက်ျားပေးစားရင် ကောင်းမလား အမ် ယောက်ျားပေးစားတာပဲ ကောင်းပါတယ်လေ ချယ်တို့ရဲ့ တနေ့တာလေးကို သွားကြည့်ကြစို့

INJURY ( completed ) Where stories live. Discover now