"အဲ့ဒါလည်း ဟုတ်ပါတယ် အဲ့ဒါဆိုလည်းထားလိုက်တာပေါ့ သိပ်သံသယတွေထားမနေနဲ့"

ပိုပိုက အလွယ်တကူစကားဖြတ်သွားပေမယ့် ပိုပိုနဲ့တွေ့ပြီး အိမ်ပြန်လာသည်အထိ ခက်စိတ်တွေ ထွေပြားနေခဲ့သည်။
ကို ဖြစ်နေတာကလည်းအသည်းကွဲနေတဲ့လူလိုလို၊ ဘာလိုလိုမို့ ကို့မှာ မိန်းကလေးတစ်ယောက်ရှိခဲ့သလား၊
ဒါကြောင့်ပဲ ကို့ကို ခက်က မလွှမ်းမိုးနိုင်တာလား...

သိချင်စိတ်တွေပြင်းပြလာခဲ့၍ ခက် ကို့ရုံးခန်းကိုလှည့်ဝင်လာတော့ ကို့ရုံးကလူတွေက ကိုနဲ့လက်ထပ်မည့်သူမှန်း ခက်ကိုသိကြသည်။
ကို့ရဲ့ရုံးခန်း ဘယ်နေရာမှာရှိသလဲဆိုတာကိုလည်း ခက်သိနေတာမို့ တားမည့်သူလည်းမရှိဘဲ ရုံးခန်းရှေ့အထိရောက်လာခဲ့သည်။
သို့သော် ကို့ရုံးခန်းရှေ့ရောက်မှ PAကောင်လေးက တားလိုက်ကာ...

"မပန်းခက်ဖြာဝေ ဆရာနဲ့တွေ့ဖို့လား"

"ဟုတ်တယ်"

"ကျွန်တော်အကြောင်းကြားပေးပါ့မယ် ခဏစောင့်ပါ"

တစ်လမ်းလုံးဘယ်သူကမှမတားဆီးပါဘဲ ဒီကောင်လေးကပဲ တားဆီးနေတာမို့ ခက် စိတ်ရှုပ်သွားသလို ကျွတ်ခနဲ စုပ်သတ်လိုက်မိသည်။
သို့ပေမယ့် ဒါဟာဖြစ်သင့်တာပဲမို့ ခဏရပ်စောင့်လိုက်တော့ အကြောင်းကြားပြီးသည့်PAက ကိုယ်တိုင်တံခါးဖွင့်ပေးသည်။

"ဘယ်ကလှည့်လာတာလဲ ခက် ထိုင်လေ"

"အပြင်ထွက်လာရင်း ကို့ဆီခဏဝင်လာတာ ခက်ပြောစရာလည်းရှိလို့"

"အရေးကြီးလို့လား"

"ခက်အတွက်က ကြီးတယ်"

ခက်ကိုအရေးတယူမဆက်ဆံသလို ခက်ရောက်လာခြင်းအပေါ် အရေးမကြီးသလိုပြောနေသော ကို့ကြောင့် ခက် ခံပြင်းသွားမိသည်။
ထို့ကြောင့် အသံနည်းနည်းမာသွားတော့ ကိုကဖျတ်ခနဲမော့လာပြီး ကွန်ပျူတာပေါ်ကနေ လက်ဖယ်လိုက်ကာ...

"ဆောရီး ကိုယ်ကအလုပ်ချိန်မှာ personalကိစ္စမဆွေးနွှေးချင်လို့ပါ"

"ဒါဆို ခက် ပြန်ရမလား"

"အခုတစ်ခါတော့ ထားလိုက်ပါ ပြောပါ မင်းဘာပြောချင်လို့လဲ"

သူမ မှ တစ်ပါးWhere stories live. Discover now