Ep-35(Zawgyi+Uni)

Start from the beginning
                                    

လွင်​ဦး​ဒေါသတကြီးဆိုမိ​တော့...

"​ခင်​ဗျားဘက်​က အမှုဖွင့်​လိုက်​​လို့ အရင်​ဆုံးထိခိုက်​နစ်​နာမဲ့သူက
ရှုမ၀​လေ..သူကမင်းသမီး သူဘဲနာမည်​ပျက်​မှာ​ပေါ့..ပြီး​တော့
သူကဘဲ ဒီဇာတ်​လမ်း​ရေးဆွဲခဲ့တာ..အဲ့​တော့တစ်​ခုခုဆိုသူဘဲ
ထိခိုက်​သွားမှာ"

"...."

လွင်​ဦးကတိတ်​ဆိတ်​သွားသည်​။
ခေမဟာက​တော့ နားထင်​အားနာနာဖိထားပြီး စိတ်​​အေး​အေးထား
ကာမင်းထင်​အား​မေးသည်​။

"ဒါ..ဒါဆို..ရှုမငြီးကိုက.​မွေးစားထားတာလား?"

"ဟုတ်​ပါတယ်​..boss..ဒီကိစ္စက​တော့ ကျွန်​​တော်​ကိုယ်​တိုင်​သွား
ခဲ့တာ..ရှူမ၀သွား​နေကြရပ်​ကွက်​​ပေါ့
အဲ့​အ​ဒေါ်ကြီးဆီမှာက​​လေး​တွေအများကြီးရှိတယ်​...ရှုမဝ
ခေါ်လာခဲ့တဲ့က​လေးက​တော့ ​မွေးထားတာသိပ်​မကြာ​သေးဘူး
၂ရက်​​ ၃ရက်​​လောက်​ဘဲရှိ​သေးတယ်​..အဲ့က​လေးက ရှုမငြီးဘဲ"

ခေမဟာ အသက်​​ရှုရပ်​မတတ်​ဖြစ်​သွားရသည်​။

"ဒီကိစ္စကိုကျွန်​​တော်​​မေးမြန်း​တော့ အဲ့အ​ဒေါ်ကြီးကလုံးဝမ​ပြောခဲ့ဘူး..ရှုမ၀က တစ်​ခါတည်းနှုတ်​ပိတ်​ခပါ​ပေးခဲ့တာ
အဲ့​တော့ ကျွန်​​တော်​လည်း သူ​ပေးတာထက်​ပို​ပေးမယ်​​ပြော​တော့မှ
ဖွင့်​​ပြောလာတာ"

"..."

"bossအဆင်​​ပြေရဲ့လား?"

သူ​မေး​တော့ bossကအသာလက်​ကာပြသည်​။

အဖြစ်​အပျက်​​တွေက မထင်​မှတ်​​လောက်​​အောင်​ လျှပ်​တပြတ်​ဆန်​လွန်းသည်​။ခေမဟာ ကိုယ့်​နားကိုယ်​​တောင်​ မယုံနိုင်​။ဘယ်​က​နေ
စရှင်းရမလဲ မသိ​တော့။ရှုမ၀က အစကတည်းကကိုယ်​၀န်​မရနိုင်​ဘဲ
သူ့ကို​မျှော်​လင့်​ချက်​​တွေ​ပေးပြီး လက်​ထပ်​ခဲ့တာဘဲ။
ဘာလို့အဲ့လို​တွေလုပ်​ရ​တာလဲ?

"bossအဆင်​​ပြေမယ်​ဆိုရင်​ ကျွန်​​တော်​ ​ပြောစရာရှိပါ​သေးတယ်​"

"..."

ထိုအခါbossက အဆင်​​ပြေတဲ့ပုံစံဖြင့်​​ခေါင်းငြိမ့်​ပြသည်​။

My only treasure is you(completed)Where stories live. Discover now