ငြိမ်း စိတ်ရှုပ်သွားရသည်... ချယ်ရီနဲ့ ပတ်သက်မှုကို ဒီကောင်လေးကို ရှင်းပြဖို့ မလိုအပ်ဘူးမဟုတ်လား... အခုက ဘယ်လိုအခြေအနေမှန်းကို မသိတော့... ကိုယ့်ထက် ၆ နှစ်လောက် ငယ်တဲ့ ကလေးတစ်ယောက်ဆီက ရစ်တာကိုခံနေရသဖြင့် ငြိမ်း စိတ်နဲနဲ တိုလာမိသည်... အခုလောက်ထိ စကားလက်ခံပြောနေတာတောင်မှ လွန်လှပြီမဟုတ်လား...

"အာကာကြည်ညွှန်း...မင်းနဲ့ မဆိုင်တဲ့ ကိစ္စတွေကို ဖြေစရာအကြောင်းမရှိတာကြောင့် ခုချက်ချင်းကိုယ့် ကားပေါ်ကဆင်း... နောက်လဲ အခုလိုတွေ လာမနှောက်ယှက်နဲ့"

ငြိမ်း ရဲ့အပြောကြောင့် ရယ်လိုက်ရင် မျက်လုံးလေးတွေကအစ ပြုံးသွားတတ်သည့်ကောင်လေးရဲ့ မျက်နှာက ချက်ချင်းမှိုင်းကျသွားလိုက်တာများ... ခါတိုင်းလို သွက်လက်နေသည့် ပုံစံလေးက ရုတ်တရက်ကြီး ပျောက်သွားတော့သည်...

ငြိမ်း ပြောမိပြီးကာမှ စိတ်ထဲထင့်သွားရသဖြင့် မျက်တောင်တွေကို ပုတ်ခတ်ကာ တံတွေးတစ်ချက်မြိုချလိုက်မိသည်...

အစ်ကို့ကို ပျော်အောင်ထားချင်တယ်လို့ ပြောခဲ့ဖူးသည့် ကောင်လေးက ဝမ်းနည်းတဲ့ မျက်လုံးတွေနဲ့ ငြိမ်းကို တစ်ချက်ကြည့်ကာ ကားပေါ်မှဆင်းသွားသည်... ထို့နောက် သူ့ကားပေါ်သို့တက်၍ လမ်းဘေးသို့ ကပ်ကာ ပိတ်ရပ်ထားသည်ကို ဖယ်ပေးသည်...

ငြိမ်းကားကို မောင်းထွက်လာခဲ့ပြီးသည်အထိ သူ့ကားလေးက နေရာမှာ ရပ်ကျန်ခဲ့ဆဲပင်... ငြိမ်း ကားမောင်းနေရင်း စိတ်ကမဖြောင့်... သူကျတော့ လူကို ဇွတ်တွေလာလာလုပ်ပြီး ဒါလေးပြောလိုက်တာကို အဲ့လောက်အထိ ငြိမ်သွားရလား...

ငြိမ်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်...

ဒီ သကြားလုံး ကောင်လေး... အိမ်ကိုတော့ တန်းတန်းမတ်မတ် ပြန်လောက်ပါရဲ့...

..........................................................................

အာကာ ကားကို ဂိုထောင်အပြင်ဘက်မှာ ရပ်ထားခဲ့လိုက်ပြီး အိမ်ထဲသို့ ဝင်လာခဲ့သည်...

"ဟာ...so sweet ကြားသားမိုးကြိုး အစောကြီးပြန်လာပါလား... အတော်ပဲ ကာတွန်းကား အသစ်ထွက်တာ တူတူကြည့်ရအောင် ငါတစ်ယောက်တည်း ပျင်းလို့"

Match Made In Clouds Nơi câu chuyện tồn tại. Hãy khám phá bây giờ