Sunflower's Dairy

2.8K 203 7
                                    

“Bitter Coffee In My Heart”BY_ LivoniaKim

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

“Bitter Coffee In My Heart”
BY_ LivoniaKim

ပထမဆုံးအနေနဲ့ Book Coverကိုမြင်တာနဲ့ ခံစားရမှာကတော့ နွေးထွေးတဲ့ Warm Vibes ကလေးဖြစ်မယ်လို့ ယူဆမိပါတယ်။

ပုံတစ်ပုံလုံးကို လေးစိတ်ခွဲပြီး မရှင်းပြခင်မှာ တိုက်က Founder မမနဲ့ Artist ကို သိပ်ကျေးဇူးတင်ရပါကြောင်းကို အရင်ဦးဆုံးပြောပါရစေ။

တကယ်တော့ ကနဦးတုန်းက ကိုယ်တွေးခဲ့တဲ့ Book Cover က တကယ်ကို ရိုးရိုးရှင်းရှင်းကလေးမှ ရိုးရိုးရှင်းရှင်းကလေးပါ။ သို့ပေမယ့် အခုလိုမျိုး ပြည့်ပြည့်စုံစုံနဲ့ သိပ်ကိုလှသွားရတဲ့ အကြောင်းအရင်းကတော့ Founder မမကြောင့်ဖြစ်ပြီးတော့ ကိုယ်နဲ့ မမ ပြောသမျှကို ခေါင်းအစားခံပြီး အထပ်ထပ်အခါခါ၊ အကြိမ်ကြိမ်အခါခါ ပြန်ပြင်ပေးခဲ့တဲ့ Artist ကြောင့်လည်း ဖြစ်ပါတယ်။

Cover အတွက် အချိန်အတော်ပေးခဲ့ရပြီး Artistအတော်ရှာခဲ့ရတယ် ပြောရပါမယ်။ နှစ်လစွန်းစွန်းကလေးတောင်ကျော်ခဲ့မယ်ထင်ပါရဲ့။ မမ က အများကြီး ကြိုးစားပေးခဲ့ပြီး ‘လီဗိုလေး စိတ်ချ၊ စာမေးပွဲကိုပဲ ဂရုစိုက်’ ဆိုတဲ့ စကားလုံးကြောင့်လည်း နွေးထွေးခဲ့ရပါတယ်။

ကဲ.. အပေါ်က ကိုယ်တိုင်သေချာမပြောဖြစ်ခဲ့တဲ့ ကျေးဇူးတင်စကားတွေ ပြီးသွားပြီဆိုတော့ ကိုယ်တို့ရဲ့ ကော်ဖီလေးအကြောင်းကို စာတွေမရှည်ခင် ပြောလိုက်ကြပါစို့လေ။

(၁) Designer Kim Vရဲ့ အလုပ်ခန်းကို သိပ်ကိုဖော်ပြချင်ခဲ့တာပါ။ သူကဘယ်လောက်တောင်မှ အနုပညာဆန်ပြီး သိပ်ကိုမှ နူးညံ့တဲ့လူဆိုတာကိုပေါ့။

ဒီဇာတ်ဝင်ခန်းကလေးကိုမှတ်မိကြဖို့ကို ကိုယ်မျှော်လင့်မိပါတယ်။ စေ့စပ်ပွဲသတင်းကြောင့် ဝမ်းနည်းနေတဲ့ သူ့နေကြာကို ခါးကနေ နူးနူးညံ့ညံ့ဖက်ထားရင်း နွေးထွေးမှုအပြည့်နဲ့ သူ့ကို ယုံကြည်ပေးဖို့ ပြောနေတဲ့ ကော်ဖီကလေးပါပဲ။

Bitter Coffee In My Heart (Complete)Donde viven las historias. Descúbrelo ahora