Dear Coffee

4.2K 423 21
                                    

ပြီးဆုံးသွားတဲ့ ခရီးရှည်ကြီးပါပဲ။

ကော်ဖီနဲ့ နေကြာဆိုတဲ့ ပင်လယ်သမုဒ္ဒရာကြီးထဲမှာ ကိုယ်ဟာလှေတစ်စင်းဖြစ်ခဲ့ရင် စာဖတ်သူတွေဟာ လိုက်ပါစီးနှင်းခဲ့ကြသူတွေပေါ့။

အခုတော့ “ပေါင်းစည်းခြင်း” ဆိုတဲ့ ကျွန်းကလေးဆီကို ဒီလှေကလေးက ‌ဆိုက်ကပ်သွားခဲ့ပြီမို့ နှုတ်ဆက်ရတော့မယ့် အချိန်ကလေးက ရောက်ရှိခဲ့ရပါပြီ။

ဇာတ်လမ်းတစ်ပုဒ်လုံး ဖတ်ပြီးတဲ့အခါ စာဖတ်သူတွေရင်ထဲမှာ “ချစ်ခြင်းတရား” နဲ့ ပတ်သတ်လို့ တစ်ခုခုစွဲကျန်ခဲ့မယ်ဆိုရင် ဒီလူဟာ ကျေနပ်မိပါတယ်။

နူးညံ့ရတဲ့ ချစ်ခြင်း တွေပါ။

ကိုယ်တို့တွေလည်း တစ်ချိန်ချိန်မှာ ကော်ဖီကလေးနဲ့တူတဲ့လူတစ်ယောက်ကို ပိုင်ဆိုင်ကြတဲ့အခါ ချစ်ခြင်းတွေဟာ သိပ်နူးညံ့ပါကြောင်း နားလည်လာကြပါလိမ့်မယ်။

ငိုရတဲ့ အခါလည်း ရှိမယ်။ နာကြင်ခဲ့ရတဲ့ အချိန်တွေလည်း ရှိမယ်။ သဝန်တိုကြဦးမယ်။ ပူဆွေးရဦးမယ်။ လွမ်းဆွတ်ရဦးမယ်။

ချစ်ခြင်းဆိုတဲ့ အရာကို ပေါင်းစည်းထားတဲ့ အရာတွေပေါ့။

ကိုယ်‌တွေ “နေကြာ” ဟာ ဒီအချက်တိုင်းကို ခံစားခဲ့ရပြီးတဲ့နောက်မှာတော့ ချစ်ခြင်းတရားရဲ့ နိယာမကို သိရှိခဲ့ပါပြီ။

စာဖတ်သူတွေအနေနဲ့ကတော့ လူတစ်ယောက်ကို ချစ်မိတဲ့အခါ လက်လွှတ်ရမယ့်အချိန်‌ရောက်ရင် လက်လွှတ်ကြပါ။ ဖမ်းဆုတ်ပြီး စောင့်ဆိုင်းရမယ့်အချိန်တွေမှာ စောင့်ဆိုင်းကြပါ။

‌မှန်ကန်တဲ့ ရွေးချယ်မှုတိုင်းက ကိုယ့်ကို စိတ်ပျက်စေမှာမဟုတ်မှန်း လီဗိုတို့က သဘောပေါက်ကြရမှာပါပဲ။

“မင်းဖြစ်နေလို့ကို မချစ်တာ”
“မင်းဖြစ်နေလို့ကို ချစ်တာ”

ဒီစကားစုနှစ်စုပဲရှိခဲ့ပါတယ်။ နေကြာငယ်လေး ကံကောင်းခဲ့သလို စာဖတ်သူတွေလည်း ကံကောင်းကြပါစေလို့ ဆုတောင်းပေးရင်း စာလေးကို နိဂုံးချုပ်ပါရစေ။

အပိုစကားအနေနဲ့ကတော့ “နေကြာငယ်” ဆိုတဲ့ နာမ်စားအကြောင်းပါပဲ။

Bitter Coffee In My Heart (Complete)Donde viven las historias. Descúbrelo ahora