[Part-1]

13.5K 1K 48
                                    

‌အထက်တန်း ပထမနှစ်။

အရာအားလုံးက အသစ်အဆန်းလိုပဲ။ ဟိုတစ်စု ဒီတစ်စု သူငယ်ချင်းအစုဖွဲ့တွေ။ ကျောင်းဝန်းထဲကို စက်ဘီးတွေနဲ့ ဝင်လာကြတဲ့ ကျောင်းသားအုပ်စုတွေ။

လေအနည်းငယ်တိုက်လို့ လှုပ်ခတ်နေတဲ့ သစ်ရွက်တွေကလည်း မျက်လုံးထဲ အမြင်ဆန်းနေပြန်တာပဲ။

လမ်းမှာ တွေ့ခဲ့တဲ့ ကြောင်လေးရော။

လေပေါ်ဝဲပျံနေတဲ့ ငှက်လေးတွေရော။

စိတ်သစ်၊ လူသစ်နဲ့ လူက လန်းဆန်း၍ နေတော့သည်။

ဒုတိယ ထပ်က အထက်တန်းပထမနှစ် Class A..။

အခန်းထဲ ဝင်လိုက်တာနဲ့ ကျွန်တော်နဲ့ မသိတဲ့လူတွေက ပိုများနေခဲ့တာ။

ဟုတ်တာပဲ။ မူလတန်း။ အလယ်တန်း။ ကျွန်တော်က သူငယ်ချင်းဆိုပြီး တသီးတသန့်ကြီး တစ်စက်မှတောင် မထားခဲ့တာ။

မုန်းတယ်။ လူတွေနဲ့ ရောထွေးနေရတာကို။ ဒါပေမယ့် လူမှုရေးပြေပြစ်လို့ ကျွန်တော့်ကိုတော့ အားလုံးက ခင်ကြသည်။

အင်း..။ သည်းခံ‌ပေးကြတာဆို ပိုမှန်လိမ့်မယ်။ ကျွန်တော်က ကူညီတတ်တဲ့ ဒီတိုင်း ခပ်တုံးတုံးအအ၊ စာဂျပိုးကောင်လေး တစ်ယောက်မို့ ဖြစ်သည်။

မျက်မှန်သမားမို့ ထုံးစံအတိုင်း ရှေ့ဆုံးအတန်းမှာ။

လူတွေနဲ့ ကင်းကွာပြီး ပြတင်းပေါက်နဲ့နီးလို့ ကျွန်တော်က ရှေ့ဆုံးတန်းဆို သိပ်သဘောကျသည်။

ကျောင်းတက်ရတဲ့ ပထမဆုံးနေ့မှာ အတန်းရဲ့ ကိစ္စတွေနဲ့ အလုပ်ရှုပ်နေသည်မို့ စာသင်ရတဲ့ အချိန်က နည်းနည်းလေးရယ်။

အတန်းခေါင်းဆောင်။ ဒု-အတန်းခေါင်းဆောင်။

စသည်ဖြင့် ခွဲနေကြတာ။

အရင်နှစ်တွေက အတိုင်း Kim TaeHyungဆိုတဲ့ ကျွန်တော့်အပေါ် ပုံကျလာတဲ့ အတန်းခေါင်းဆောင်ဆိုတဲ့ ဝန်ထုတ်ဝန်ပိုးကြီး။

ဒီနှစ်လည်း တစ်တန်းလုံးရဲ့ ဆန္ဒကြောင့် ကျွန်တော်က အဲဒါကို လက်ခံလိုက်ရပြန်သည်။

“အခုမှပဲ အတန်းပြီးတော့တယ်ဟေး”

ကျောင်းသား‌တွေရဲ့ အသံက ဟိုနည်းနည်း၊ ဒီနည်းနည်းနဲ့ ဆူဆူညံညံရယ်။

Bitter Coffee In My Heart (Complete)Where stories live. Discover now