[Part-9]

6.9K 839 102
                                    

ကျွန်တော်ဟာ ရင့်ကျက်သင့်သလောက် ရင့်ကျက်နေခဲ့ပေမယ့် သူနဲ့ ပတ်သတ်လာလျှင် ကလေးဆန်နေမိတုန်းပဲ။

ကျွန်တော် ကြားချင်ခဲ့တဲ့ စကားတစ်ခွန်းကို သိရဲ့သားနဲ့ အဲသည်လူဟာ ရှောင်ပြေးထွက်သွားခဲ့လေတယ်။

ခံရခက်နေခဲ့တဲ့ ခံစားချက်။

အင်း..။ ကျွန်တော်က စိတ်ပျက်စရာကောင်းစွာနဲ့ပဲ အဲသည်လူလို လူကြီးဆန်ဆန်မတွေးတောနိုင်ခဲ့ဘူး။

ကလေးဆန်ဆန်သတ္တိတွေနဲ့ပဲ ဒီအချစ်ကို မိုက်ရူးရဲဆန်စွာ ကိုးကွယ်နေခဲ့မိတယ်။

သူပြောတဲ့ အချိန်ခါဆိုတာတွေကို ကျွန်တော် နားမလည်ဘူး။

သူ ကျွန်တော့်ကို အချိုနည်းနဲ့ တွန်းထုတ်ပစ်လိုက်တယ်လို့သာ တွေးတော၍ နေမိသည်။

အခြားတစ်ဖက်မှာ လက်ထပ်ရမယ့် မိန်းကလေးရှိတဲ့လူဟာ ကျွန်တော့်အပေါ်ကို ကျွန်တော်ရှိသလို ခံစားချက်နဲ့ ရှိပါသတဲ့။

ကျွန်တော် ဘယ်လို နားလည်ရမတဲ့လဲ ခင်ဗျားရယ်။

အခန်းထဲမှာ ထိုင်နေမိတုန်း သူက ဝင်လာသည်။

ကျွန်တော့်လက်ထဲကို ကမ်းပေးလာတဲ့ Magazineစာအုပ်တွေ။

“ Fashionနဲ့ ပတ်သတ်တဲ့ စာအုပ်တွေ၊ မြို့ထဲသွားတုန်း ဖတ်လို့ရအောင်၊ လေ့လာလို့ရအောင် ဆရာ ဝယ်လာခဲ့ပေးတယ်”

ဒီနေ့ သူနဲ့ သူ(မ)နဲ့ နှစ်ယောက်တည်း မြို့ထဲ လျှောက်လည်ကြတာ။

မနက်အစောကြီးကတည်းက ထွက်သွားလိုက်တာ အခု နေ့လည်ကျမှ ပြန်ရောက်ကြတော့သည်။

“စားပွဲပေါ်မှာ ဆရာ တင်ပေးခဲ့မယ်နော်၊ ရေချိုးလိုက်ဦးမယ်..”

သူက ကျွန်တော်တို့ဘာမှ မဖြစ်ခဲ့ကြသလိုမျိုး ပြုံးရယ်ရင်း ဆိုသည်။

ဒီအပြုံးတွေဟာ တစ်စက်ကလေးမှတောင် မှေးမှိန်မသွားခဲ့ဘူး။

ကျွန်တော့်ကို မရပ်တန့်အောင်လုပ်နေခဲ့တဲ့ အကြောင်းပြချက်တွေတည်း ဒီအပြုံးကလည်း ပါနေခဲ့တာ။

မပြုံးပြပါနဲ့ လို့လည်း မပြောနိုင်ပြန်ဘူးရယ်။

ကျွန်တော် ဘယ်လောက်တောင် မြတ်နိုးခဲ့လိုက်သလဲ။

Bitter Coffee In My Heart (Complete)Where stories live. Discover now