[Part-18]

5.5K 656 70
                                    

ကျွန်တော့်ရင်ခွင်ထဲမှာ လှဲလျောင်းရင်း ရှိုက်ကြီးတငင်နဲ့ ငိုနေဆဲ ကျွန်တော့် နေကြာငယ်လေးရယ်။ ပင်ပန်းနေရှာတော့မှာ။

သတိအများကြီး ထားနေခဲ့တဲ့ကြားတည်းကနေ ဒီကလေး ဘယ်ကတည်းကနေ စသိနေခဲ့တာရလား။

လက်နုနုကလေးကို ခပ်ဖွဖွဆုပ်ကိုင်မိ၏။

“ကိုယ်တောင်းပန်တယ်နော်..”
ခေါင်းလုံးလုံးလေးကို ဖွဖွကလေး နမ်းရှိုက်မိပြန်သည်။

“ဘာလို့ မပြောခဲ့ရတာလဲဟင် ဆရာ..”

ငိုသံကလေးရော‌ယှက်နေဆဲအဲဒီအသံကလေး။

“ကိုယ် ကိစ္စလေးတွေကြောင့်ပါ၊ ကိုယ်လေ.. ဒီနေ့ကိစ္စကိုတောင် မသိခဲ့ဘူး နေကြာရယ်..”

“လိမ်နေတာမဟုတ်ဘူးမလား၊ ကျွန်တော့်ကို အင့်.. လိမ်နေတာမဟုတ်ဘူး မလား ဆရာ..”

ရင်ခွင်ထဲ အတင်းကြပ်တိုးဝင်လာရင် ပိုတိုးလို့ ငိုနေပြန်သည်။ မျက်ရည်ဝဲနေတာကိုတောင် မလိုစေချင်ခဲ့တာ။ စိတ်ထားနုနယ်လွန်းတဲ့ ဒီကလေးကို။

“ကိုယ်ရှိတယ်နော်၊ ကိုယ်..”
ဘေးနားမှာ ချထားတဲ့ ဖုန်းဆီကနေ နီရဲနေတဲ့ ဒယ်ဒီ့ဆီက ဖုန်းခေါ်ဆိုမှုတွေ။

ဖုန်းကို ပိတ်လိုက်မိရင်း ရင်ခွင်ထဲက ကောင်လေးကိုသာ အာရုံစိုက်၍ နေမိသည်။

တကယ်တမ်း စိတ်တွေသိပ်တို‌နေခဲ့တာ။

ကျွန်တော်က ဒီလောက် အတန်တန်၊သတိပေးပြီး ‘မကြေငြာပါနဲ့ဦး’ လို့ ပြောနေခဲ့တဲ့ ကြားတည်းကနေ။

မေးရိုးတွေ တင်းနေတဲ့အထိ အံကို ကြိတ်ထားမိတာ။ ဒေါ‌သကြောင့် တုန်ရီလုနီးပါး ကျွန်တော့် ခန္ဓာကိုယ်ကို ထိန်းချုပ်နေရသည်မှာ မလွယ်ကူလှပေ။

ရင်ခွင်ထဲက ကျွန်တော့် နေကြာငယ် သတိထားမိမှာ စိုးရွံ့မိလို့ရယ်။

သူ့အရှေ့မှာဆိုလျှင် ကျွန်တော်ဟာ ‌ကျွန်တော့်ရဲ့ စိတ်အခံဖြစ်တဲ့ ဒေါသကြီးမှုတွေကို ဒီနေကြာငယ် အရှေ့မှာ သေးသေးလေးမှပင် မပြချင်ခဲ့ပါ။

ကျွန်တော့်ကို မော့ကြည့်လာတဲ့ အရည်လဲ့နေဆဲ မျက်ဝန်းငယ်။

Bitter Coffee In My Heart (Complete)Dove le storie prendono vita. Scoprilo ora