Dear My Little Sunflower (JK's POV)

4.6K 493 34
                                    

My Little Sunflower

ချစ်ခြင်းတစ်ခုကို စတင်တွေ့ရှိခဲ့တုန်းက ပိုချစ်ရသူဟာ ကိုယ်၊ ဝမ်းနည်းရသူဟာ ကိုယ်၊ မျက်ရည်တွေ ကျခဲ့ရတာလည်း ကိုယ်ပဲ ဖြစ်ခဲ့ရဖူးပါတယ် နေကြာငယ်။

သို့ပေမယ့် မင်းကို စတင်တွေ့ရှိခဲ့တဲ့ ကိုယ့်ဘဝရဲ့ အခိုက်အတန့်ကလေးကိုတော့ နှစ်တွေကြာညောင်းခဲ့ပြီဖြစ်တာတောင် ပြန်စဉ်းစားတိုင်း ကိုယ်ဟာ ကြည်နူးနေရဆဲပါပဲ။

တစ်ခါတစ်ရံမှာ မင်းနဲ့သာ စတင်ဆုံစည်းခွင့်ရခဲ့ရင် ကိုယ်တော့ကံကောင်းတော့မှာလို့ တွေးကြည့်ခဲ့ဖူးပေမယ့် သူ(မ)ကြောင့်သာ မခံစားခဲ့ရရင် ကိုယ်ဟာ မင်းကို ဘယ်လို၊ ဘယ်ပုံ မြတ်နိုး‌ပေးရမလဲ သိနိုင်ခဲ့မှာမဟုတ်ခဲ့ပါဘူး။

ကိုယ့်ရဲ့ ရှပ်အင်္ကျီအဖြူကလေးကို မင်းသိပ်မြတ်နိုးသလို မင်းရဲ့ ဆွယ်တာအင်္ကျီအညိုကလေးကိုလည်း ကိုယ်ဟာ သိပ်မြတ်နိုးကြောင်း ကိုယ်ထုတ်မပြောလည်း မင်းတစ်ယောက်သိနိုင်ကောင်းပါရဲ့ နေကြာငယ်။

မင်းဖုန်းနံပါတ်လေးဟာ ကိုယ့် Contactရဲ့ ထိပ်ဆုံးမှာ အမြဲရှိနေခဲ့သလို မင်းနည်းတူ ကိုယ်လည်း စတင်ခေါ်ဆိုရမယ့်အခိုက်အတန့်တွေကို မဝံ့ရဲခဲ့တာမို့ ကိုယ်တို့တွေဟာ ဆုံစည်းရဖို့ ပိုကြာညောင်းခဲ့ပုံပါပဲ။

ခွေးလေးတွေ၊ ‌ကြောင်လေးတွေ သိပ်ချစ်တတ်တဲ့ မင်းကြောင့်လည်း ကိုယ်ဟာ ရောက်လာမယ့်နေ့ရက်တွေမှာ မင်းအတွက် ခွေးလေးတစ်ကောင်လက်ဆောင်တော့ ပေးရဦးမှာပဲ။

ကိုယ့်အရှေ့မှာလည်း အကောင်းဆုံးပဲဖြစ်ချင်ခဲ့တဲ့ မင်းကို “မင်းက တော်နေပြီးသားပဲ နေကြာရယ်” လို့ ဒီနေ့ကစပြီး ကိုယ့်ဘဝသက်ဆုံးတိုင်သည်အထိ ပြောနေမိဦးတော့မယ် ထင်ပါတယ်။

တကယ်တမ်းမှာလည်း မင်းက အကောင်းဆုံးဖြစ်နေပြီးသားပါပဲ။

ဒီကမ္ဘာပေါ်မှာ ‌ဘီလီယျံပေါင်းများစွာရှိတဲ့ လူတစ်ယောက်ချင်းစီရဲ့ အကျင့်စရိုက်ကမတူညီနိုင်ခဲ့တာမို့ ကိုယ်တို့နှစ်ယောက်မှာလည်း ကွဲပြားခြားနားမှုတွေ ရှိတတ်စမြဲပါ နေကြာငယ်။

ဒါအတွက် မင်းက ပြုပြင်ပြောင်းလဲစရာမလိုကြောင်း ကိုယ်က မင်းကို ဆူရဦးမယ်။

Bitter Coffee In My Heart (Complete)Where stories live. Discover now