[Part-19]

5.8K 666 55
                                    

တိတ်ဆိတ်မှုတွေ ကြီးစိုးနေခဲ့သည့် ဧည့်ခန်းထဲမယ် ထိုသူရယ်၊ ကျွန်တော်ရယ်၊ ကျွန်တော့်မားမားအရှေ့မှာ ငြိမ်ဝပ်နေအောင် ဒူး‌ထောက်နေခဲ့မိသည်။

သို့သော်လည်း မားမားသည် ကျွန်တော်တို့ကို တစ်စက်မှပင်မကြည့်။ မျက်နှာလွှဲ၍သာ ရှိုက်ကြီးတငင်ဖြင့် ငိုကြွေးနေသည်။

နာကျင်ဆို့နင့်လာတဲ့ စိတ်ခံစားချက်။ မားမားက ကျွန်တော့်ကြောင့်နဲ့ ပထမဦးဆုံးအကြိမ် ရှိုက်ကြီးတငင် ငိုနေတော့တာဖြစ်သည်။

ကျွန်တော့်လက်ကို တင်းနေအောင် ဆုပ်ကိုင်ထားပြီး ငေးကြည့်နေသည့် ထိုလူသည်လည်း ကျွန်တော့်ရဲ့စိတ်ကို သိပ်စိုးရိမ်နေပုံပေါ်ပါ၏။

အခုတော့ဖြင့် အချစ်နှစ်ခုကြား လွန်ဆွဲနေခဲ့ရသည်မှာ ကျွန်တော် ကိုယ်တိုင်ပင်ဖြစ်လာခဲ့တော့သည်။

“ကျွန်တော့်ကို စကားနည်းနည်းလောက်ဖြစ်ဖြစ် ပြောခွင့်ပေးလို့ရမလား အန်တီ..”

“ဆရာပြောမှာတွေကို အန်တီနားမထောင်ပါရစေနဲ့..၊ ဒီတိုင်း အန်တီ့သားလေးကို လက်လွှတ်ပေးပါလို့ပဲ အန်တီက တောင်းဆိုပါတယ်ကွယ်..၊ နှစ်ယောက်စလုံး နစ်နာကြမှာ သိရက်နဲ့..၊ အန်တီ့စကားကို နားထောင်‌ပေးပါ”

မားမားက ထိုသူ့ကို JungKook ဆိုတဲ့ နာမည်ကိုတောင် မခေါ်တော့တာ။ မားမားက သိပ်ပြီး စကားတတ်တဲ့ အမျိုးသမီး၊ စကားတစ်ခွန်းတည်းနဲ့ သူတစ်ပါး အရှိုက်ထိအောင် လုပ်နိုင်တဲ့ အမျိုးသမီး။

အခုလည်း ထိုသူ့ကို “ဆရာ” ဆိုသည့် နာမ်စား တမင်တကာ သုံးနှုန်းနေပြန်သည်။

ထိုလူ့ကို လှည့်ကြည့်မိတော့ တည်ငြိမ်နေတဲ့ မျက်နှာထားရယ်နဲ့။ သူဟာ မနည်းပင် အေးချမ်းအောင်လုပ်ဆောင်နေတဲ့ပုံ။

ကျွန်တော့်ရှေ့မှာမို့ သူမပြိုလဲဝံ့တာ။ ကျွန်တော် သိသားပါပဲ။

“မားမား.. ကျွန်တော် ဆရာ့ကို..”

“Kim TaeHyung..! မင်း ပါးစပ်ကို ပိတ်ထား၊ နင့်အမေ ငါရူးသွားတာကို နင်မြင်ချင်နေတာလား ဟမ်..!”

ရင်ဘတ်ကို စည်တီးပြီးတော့ကို ငိုနေတော့တဲ့ မားမား။ ကျွန်တော်လေ ဒူးထောက်နေရာကနေ မော့တောင်မကြည့်ဝံ့တော့တာရယ်။

Bitter Coffee In My Heart (Complete)Where stories live. Discover now