အိမ်.... ငြိမ်းအေးအိမ်.... အာကာ့ရဲ့ အိမ်ကလေး...

အာကာ လှဲနေရာမှ ရုတ်တရက်ထကာ phone Contact ထဲမှ "My Home" ဆိုသည့် contact လေးကို ရှာလိုက်သည်... ဖုန်းခေါ်ချင်ပေမဲ့ ဘာပြောရမှန်းလဲ မသိ... စိတ်တို့က အနည်းငယ် မွန်းကျပ်နေသည်... ဝဇီတို့ ရာဇာတို့ကို အရင်ဆုံး ဖွင့်ပြောပြရန် ဆုံးဖြတ်ပြီး Group call ခေါ်လိုက်သည်... ထိုကောင်တွေနှင့် သင်္ကြန်ပြီးကတည်းက တစ်ခါမှ မတွေ့ရသေးပေ...

"ယောက်ဖလေး ပြော"

အရင်းဆုံးဝင်လာသူက ဝဇီရာကျော်...

"ဝက်သီး"

အာကာတို့က ဝဇီ့ကို တစ်ခါတစ်လေ အမြန်ခေါ်ရင်း ဝက်သီး ဟု ခေါ်ကြသည်... ရာဇာ့ကိုကျ "ရွာစား" ဟုခေါ်သည်...

"အေး...ဘာဖြစ်နေတာလဲ ရုပ်က လင်ပူမိနေတာလား"

"အင်း"

"ဟမ်"

ခါတိုင်း ထိုသို့စနောက်လျှင် မိုးမွှန်အောင် ဆဲသံတွေထွက်လာမည် ဖြစ်သော်လည်း ဒီတစ်ခါတော့ အာကာက အင်း ဟု ဖြေလိုက်သဖြင့် ဝဇီက ကြောင်သွားသည်...

"ဟိတ်ကောင် ဘာဖြစ်နေတာလဲ မင်း မားသားကြီးနဲ့ကွိုင်ပြန်ပြီလား"

"မကွိုင်ပါဘူးကွာ"

"ဟယ်လိုးးး...ဟယ်လိုးးးး ချစ်တို့ရေ"

ဝဇီနဲ့ ပြောနေရင်း ရာဇာက ဝင် join လာသည်...

"ချစ်တို့ရေ လုပ်မနေနဲ့ ရွာစား...မင်း အကောင် အခွက်ကိုလဲ တစ်ချက်ရှိုးဦး"

"ဘာဖြစ်လဲ ငါ့သားလေး ပါးပါးကိုပြောစမ်း"

"မင်းကောင် လင်ပူမိနေတာတဲ့"

"သြော် ဒါများသားရယ် ကေသီပန်သောက်လိုက်"

အာကာ့ဆီက ဘာသံမှ ထွက်မလာသဖြင့် ရွာစားက ကြောင်သွားသည်...

"အယ်...တကယ်ကြီး"

အာကာ ဟက် ခနဲ တစ်ချက်ရယ်လိုက်သည်...

"ငါ ဟိုနေ့က ဖုန်းပြောတုန်းက ပြောတဲ့ အစ်ကိုလှလှလေး သိတယ်မဟုတ်လား"

"အေး"

"ငါ သူ့ကို ချစ်လို့"

"What the f**k"

"တကယ်ကြီး?"

"ငါ ဒီကိစ္စနဲ့ ပတ်သက်ပြီးနောက်ဖူးလို့လား"

Match Made In Clouds Where stories live. Discover now